Connect with us

China

မြန်မာနိုင်ငံ နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးလိမ်လည်မှုတွင် ပါဝင်ကြောင်း သံသယရှိသူ တရုတ်နိုင်ငံသား ၉၂၀ ကျော်ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်

ဆက်သွယ်ရေးလိမ်လည်မှုတွင် ပါဝင်ကြောင်း သံသယရှိသူ တရုတ်နိုင်ငံသား ၂၀၀ ဦးပါဝင်သောအဖွဲ့ကို မြန်မာနိုင်ငံ မြဝတီမြို့မှ လွှဲပြောင်းပေးအပ်ပြီးနောက် တရုတ်ရဲတပ်ဖွဲ့၏ စောင့်ကြပ်မှုဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

မကြာသေးမီက မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေးဌာနသည် အစောပိုင်းကာလတွင် ဖမ်းဆီးရမိသည့် ဆက်သွယ်ရေးလိမ်လည်မှုတွင် ပါဝင်ကြောင်း သံသယရှိသူ တရုတ်နိုင်ငံသားပေါင်း ၉၂၀ ကျော် အားလုံးအား တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တာလော့ဂိတ်မှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ပြီး ဖြစ်ကြောင်း သတင်းထောက်က ဧပြီ ၂၃ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနထံမှ သိရသည်။

ယင်းသည် တရုတ်နိုင်ငံနယ်စပ်နှင့် နီးစပ်သည့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် ပမာဏကြီးသော ဆက်သွယ်ရေးလိမ်လည်မှုဇုန်များကို လုံးဝအမြစ်ပြတ်ချေမှုန်းပြီးနောက် တရုတ်-မြန်မာ နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးဌာနများက မြန်မာနိုင်ငံ အတွင်းပိုင်းဒေသများတွင် ဆက်သွယ်ရေးလိမ်လည်မှု ပြစ်မှုကျူးလွန်မှုများကို အဆက်မပြတ် ထဲထဲဝင်ဝင် တိုက်ဖျက်ရာ၌ ရရှိလာသော ရလဒ်သစ်များဖြစ်သည်။

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် တရုတ်နိုင်ငံနှင့် စပ်လျဉ်းသည့် အွန်လိုင်း ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး အထူးလုပ်ငန်းကို အဆက်မပြတ် ထဲထဲဝင်ဝင် လုပ်ဆောင်လာသည်နှင့်အမျှ တရုတ်-မြန်မာ နှစ်ဖက်သည် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် တိုက်ဖျက်ရေးလှုပ်ရှားမှုများဖြင့် ဆက်သွယ်ရေးလိမ်လည်မှုတွင် ပါဝင်ကြောင်း သံသယရှိသူ တရုတ်နိုင်ငံသား စုစုပေါင်း ၅၅,၀၀၀ ကျော်ကို ဖမ်းဆီးရမိပြီးဖြစ်ကာ မြန်မာနိုင်ငံမြောက်ပိုင်း ဆက်သွယ်ရေးလိမ်လည်မှု ပြစ်မှုကျူးလွန်သူ ရာဇဝတ်ဂိုဏ်းများ များစွာအထိနာခဲ့သည်။

သို့သော် အချို့သော ဆက်သွယ်ရေး လိမ်လည်မှုတွင် ပါဝင်သူများက တိုက်ဖျက်ရေးလုပ်ငန်းများကို ရှောင်‌ကြဉ်ရန် မြန်မာနိုင်ငံ၏ အချို့သောအတွင်းပိုင်းဒေသများသို့ ရွှေ့ပြောင်းပုန်းခို၍ စခန်းများ တည်ဆောက်ကာ တစ်စခန်းထောင်လာခဲ့ပြီး တရုတ်နိုင်ငံသားများအပေါ် နယ်စပ်ဖြတ်ကျော် အွန်လိုင်း ဆက်သွယ်ရေးလိမ်လည်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ထို့အပေါ် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက ခွဲခြမ်းစိတ်ဖြာဆုံးဖြတ်မှုများ တိုးမြှင့်ကာ မြန်မာနိုင်ငံဘက်သို့ သဲလွန်စများ အချိန်မီထောက်ပံ့ပေး၍ ဆက်သွယ်ရေးလိမ်လည်မှု စခန်းအသစ်များအား ဖော်ထုတ်ရာတွင် ကူညီလုပ်ဆောင်ပေးခဲ့သည်။

မတ် ၂၄ ရက်မှစ၍ မြန်မာနိုင်ငံသည် စုစည်းရှင်းလင်းရေးလှုပ်ရှားမှု အကြိမ်များစွာ လုပ်ဆောင်ခဲ့ရာ ဆက်သွယ်ရေးလိမ်လည်မှုတွင် ပါဝင်ကြောင်း သံသယရှိသူ တရုတ်နိုင်ငံသား ၉၂၀ ကျော်ကို ဆက်တိုက်ဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ၌ ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ ဘဏ်ကတ်၊ လိမ်လည်ရေးလုပ်ဆောင်ရာတွင် ပြောဆိုရန်စကား ဇာတ်ညွှန်းစာအုပ် စသည့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသော ပစ္စည်းကိရိယာများစွာ သိမ်းဆည်းရမိခဲ့သည်။ လက်ရှိတွင် အမှုစုံစမ်းဖော်ထုတ်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင်ရန် တရုတ်နိုင်ငံ ပြည်သူ့လုံံခြုံရေးဝန်ကြီးဌာနက သက်ဆိုင်ရာဒေသ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကို ဖြန့်ကြက်နေရာချထားပြီးဖြစ်သည်။

ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်က နှစ်ဖက်သည် ပူးတွဲတိုက်ဖျက်ရေး လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ထဲထဲဝင်ဝင် တွန်းအားပေးလုပ်ဆောင်ပြီး အချိန်နှင့်တစ်ပြေးညီ မျက်ခြည်မပြတ် တိုက်ဖျက်ရေးအား ခိုင်မာစွာဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ အမှုစုံစမ်း ဖော်ထုတ်ရေးအင်အားကို တိုးမြှင့်ကာ ဆက်သွယ်ရေးလိမ်လည်မှုစခန်းများကို ခိုင်မာစွာ အမြစ်ဖြတ်ချေမှုန်း၍ ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူများကို အင်တိုက်အားတိုက် ဖမ်းဆီးပြီး အွန်လိုင်း ဆက်သွယ်ရေးလိမ်လည်မှု ပြစ်မှုကျူးလွန်မှုများကို တရားဥပဒေနှင့်အညီ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အွန်လိုင်း ဆက်သွယ်ရေးလိမ်လည်မှု လုပ်ဆောင်သည့် ပြစ်မှုကျူးလွန်သူများအား ပြည်ပသည် တရားဥပဒေထိန်းချုပ်မှုမှ ကင်းလွတ်နေသော နေရာမဟုတ်ကြောင်း၊ အခြေအနေကိုသေချာသိမြင်ပြီး ကံကောင်းထောက်မလိုငြားဟူသော မျှော်လင့်ချက်များကို စွန့်လွှတ်ကာ နိုင်ငံသို့ ဆောလျင်စွာ ပြန်လည်လာရောက်၍ မိမိအပြစ်ကို ဝန်ခံခြင်းဖြင့် ပြစ်ဒဏ်လျှော့ပေါ့စွာ ချမှတ်ခံရရေးအတွက် ကြိုးပမ်းရန်လည်း သတိပေးထားကြောင်း သိရသည်။ (Xinhua)

ဆက်သွယ်ရေးလိမ်လည်မှုတွင် ပါဝင်ကြောင်း သံသယရှိသူ တရုတ်နိုင်ငံသား ၂၀၀ ဦးပါဝင်သောအဖွဲ့ကို မြန်မာနိုင်ငံ မြဝတီမြို့မှ လွှဲပြောင်းပေးအပ်ပြီးနောက် တရုတ်ရဲတပ်ဖွဲ့၏ စောင့်ကြပ်မှုဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာစဉ် (ဆင်ဟွာ)

———————–
(Chinese Version)
920余名在缅甸实施跨境电诈的中国籍犯罪嫌疑人被移交我方
新华社北京4月23日电(记者熊丰)记者23日从公安部获悉,近日,缅甸执法部门将前期抓获的920余名中国籍涉诈犯罪嫌疑人,通过我国云南西双版纳打洛口岸全部移交中方。这是继临近我边境的缅北地区规模化电诈园区被彻底铲除后,中缅两国执法部门在缅甸纵深地带持续深入打击电诈犯罪取得的新战果。
随着打击缅北涉我电信网络诈骗犯罪专项工作的不断深入,中缅双方通过执法合作和打击行动,已累计抓获5.5万余名中国籍涉诈犯罪嫌疑人,缅北电诈犯罪集团遭受重创。但部分涉诈人员为逃避打击,向缅甸一些纵深地带转移藏匿,搭建窝点另起炉灶,继续对我公民实施跨境电信网络诈骗犯罪活动。对此,我公安机关加大研判力度,及时向缅方提供线索,协助其锁定了一批新的电诈窝点。3月24日以来,缅方开展多轮集中清剿行动,陆续抓获中国籍涉诈犯罪嫌疑人920余名,现场缴获电脑、手机、银行卡、诈骗话术脚本等一大批作案工具。目前,公安部已部署相关地方公安机关全力开展案件侦办工作。
公安部有关负责人表示,双方将持续纵深推进联合打击行动,坚持盯着打、追着打,加大案件侦办力度,坚决铲除诈骗窝点,全力缉捕犯罪嫌疑人,依法严惩电信网络诈骗犯罪。同时,公安机关正告电信网络诈骗不法分子,境外并非法外之地,要认清形势、放弃侥幸,尽快回国投案自首,争取宽大处理。(完)
图说:A group of 200 Chinese citizens suspected of involvement in fraud returned to China under the escort of Chinese police on Thursday after being repatriated from Myawaddy in Myanmar. (Xinhua/Yin Gang)