Connect with us

International Organizations

ဒုတိယကမ္ဘာစစ် အောင်မြင်မှုရလဒ်များကို အတူတကွ ကာကွယ်ထိန်းသိမ်းရန် တရုတ်ကိုယ်စားလှယ် တိုက်တွန်း

ကုလသမဂ္ဂညီလာခံ ဒုတိယကမ္ဘာစစ်တွင် အသက်ဆုံးရှုံးသွားသူများအား အောက်မေ့ဖွယ် အထူးအစည်းအဝေး၌ အမှာစကား ပြောကြားနေသည့် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးအား ၂၀၂၅ ခုနှစ် မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မေ ၈ ရက် (ဆင်ဟွာ)
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဒုတိယကမ္ဘာစစ်အောင်မြင်ခြင်း နှစ် ၈၀ ပြည့်ကို အခွင့်အလမ်းအဖြစ်ထားရှိကာ မှန်ကန်သည့် ဒုတိယကမ္ဘာစစ် သမိုင်းအမြင်ကို အတူတကွ မြှင့်တင်ပြီး ဒုတိယကမ္ဘာစစ် အောင်မြင်မှုရလဒ်များကို အတူတကွ ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက မေ ၇ ရက် ကုလသမဂ္ဂညီလာခံ ဒုတိယကမ္ဘာစစ်တွင် အသက်ဆုံးရှုံးသွားသူများအား အောက်မေ့ဖွယ် အထူးအစည်းအဝေး၌ ပြောကြားခဲ့သည်။

နှစ်ပေါင်း ၈၀ မတိုင်မီက ကမ္ဘာ့ပြည်သူများ အသက်သွေးချွေးဖြင့် တိုက်ပွဲဝင်မှုနှင့်အတူ ဖက်ဆစ်ဝါဒကို အဆုံးတိုင် တိုက်ဖျက်ကာ အဓမ္မကို ဓမ္မက အနိုင်ရသော၊ မှောက်မိုက်မှုကို အလင်းရောင်က ဖြိုခွင်းသော၊ ခေတ်နောက်ပြန်ဆွဲမှုကို ဖွံ့ဖြိုးတိုးတက်ရေးက အနိုင်ရသော ကြီးမြတ်သည့် အောင်မြင်မှုကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အရှေ့တိုင်း အဓိက စစ်မြေပြင်ဖြစ်ခဲ့သော တရုတ်နိုင်ငံသည် လူပေါင်း ၃၅ သန်းကျော် ရှိသည့် ဧရာမ သေဆုံးဒဏ်ရာရမှုများကို စတေးကာ ဂျပန်စစ်ဝါဒီ၏ အဓိကစစ်သည်အင်အားကို ခုခံတိုက်ခိုက်ပြီး ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ရေးအတွက် ဖျောက်ဖျက်မရသည့် အကျိုးကို ထမ်းဆောင်ခဲ့ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့ကြောင်း ဖုချုံးက ထောက်ပြ ပြောကြားခဲ့သည်။ နှစ်ပေါင်း ၈၀ ကြာပြီးနောက် ယနေ့အခါတွင် ကမ္ဘာကြီးသည် လှုပ်ခတ်ပြောင်းလဲနေသည့်ကာလသို့ ဝင်ရောက်လာပြီး တစ်ဖက်သတ်ဝါဒ အုတ်အော်သောင်းနင်း ဖြစ်လျက်ရှိသလို ဗိုလ်ကျစိုးမိုးမှုလုပ်ရပ်များ ထင်သလိုလုပ်ဆောင်လျက်ရှိကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဒုတိယကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခါသမယကို အခွင့်အလမ်းအဖြစ်ထားရှိကာ သမိုင်းသင်ခန်းစာယူ၍ မူလရည်မှန်းချက်ကို တစ်ဖန်ထွေးပိုက်ကာ ခေတ်၏တာဝန်ကို ပုခုံးထက်တွင် တင်လျက် တောက်ပသည့်အလားအလာကို ဖွင့်လှစ်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မှန်ကန်သည့် ဒုတိယကမ္ဘာစစ် သမိုင်းအမြင်ကို အတူတကွမြှင့်တင်ရမည် ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ သမိုင်းကို မှန်ကန်စွာ သိရှိမှသာလျှင် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ရှိ “နောင်လာနောက်သားများ စစ်ဘေးဒုက္ခ တစ်ဖန် မခံစားစေရအောင် ရှောင်ရှား” မည့် မြင့်မြတ်သည့် မျှော်မှန်းချက်ကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်သမိုင်းကို မှေးမှိန်အောင်၊ လက်မခံအောင်၊ ပုံစံပြောင်းအောင် ကြံစည်မှုနှင့် လုပ်ရပ်မှန်သမျှသည်လည်းကောင်း၊ ကျူးကျော်စစ်နှင့် ကိုလိုနီအုပ်ချုပ်ရေးကို အလှဆင်သည့် ပြောဆိုချက်မှန်သမျှသည်လည်းကောင်း သမိုင်းအပေါ် ပြက်ရယ်ပြုခြင်းနှင့် လူသားမျိုးနွယ်၏ စာရိတ္တအသိဉာဏ်ကို စော်ကားခြင်း ဖြစ်ရာ ကမ္ဘာ့ပြည်သူများ၏ ယုံကြည်မှုကို မုချမသွေ ဆုံးရှုံးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ် အောင်မြင်မှုရလဒ်များကို အတူတကွ ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ ဒုတိယကမ္ဘာစစ် ကပ်ဆိုးကြီးအပြီးတွင် နိုင်ငံတကာအသိုက်အဝန်းက ကုလသမဂ္ဂကို အတူတကွ တည်ထောင်ပြီး “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ကို ရေးဆွဲသတ်မှတ်ကာ ယနေ့ခေတ်နိုင်ငံတကာစည်းစနစ်၏ အခြေခံအုတ်မြစ်ချခဲ့ကြရာ မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းစည်းမျဉ်း အတည်ပြုထားရှိခဲ့ကြကြောင်း၊ အချုပ်အခြာအာဏာတန်းတူညီမျှရေး၊ ပြည်တွင်းရေးမစွက်ဖက်ရေး၊ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး စသည့်အတွေးအခေါ်များကို လူအများက ဖြည်းဖြည်းချင်း နှစ်ခြိုက်လက်ခံလာကြကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကုလသမဂ္ဂအား ဗဟိုပြုသည့် နိုင်ငံတကာစနစ်ကို အခိုင်အမာကာကွယ်ထိန်းသိမ်းရမည် ဖြစ်သလို နိုင်ငံတကာဥပဒေကို အခြေခံသည့် နိုင်ငံတကာစည်းစနစ်ကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းကို အခြေခံသည့် နိုင်ငံပေါင်းစုံကုန်သွယ်ရေးစနစ်ကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ အင်အားသုံးနိုင်ငံရေး၊ ဗိုလ်ကျစိုးမိုးရေးလုပ်ရပ်မျိုးစုံအပေါ် ငြင်းဆိုရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ ဩဇာသက်ရောက်မှုနှင့် အနေအထားကို အတူတကွ ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ဖုချုံးက အလေးထားပြောကြားခဲ့သည်။ ကုလသမဂ္ဂသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်း၊ ဘုံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်းတွင် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ခေတ်နှင့်အညီ တိုးတက်ရန်လိုအပ်သလို ပြည့်စုံကောင်းမွန်အောင် စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲရမည် ဖြစ်ကြောင်း၊ အခြေအနေများ ပို၍ မတည်မငြိမ် ဖြစ်လေ၊ နိုင်ငံတကာအသိုက်အဝန်းက ပို၍ စည်းလုံးညီညွတ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာကိစ္စရပ်များတွင် ကုလသမဂ္ဂ၏ ဗဟိုအချက်အချာအခန်းကဏ္ဍကို အားပေးထောက်ခံရမည် ဖြစ်ကြောင်း၊ နိုင်ငံအချို့က ကုလသမဂ္ဂကို “လိုအပ်လျှင် အသုံးပြု၍ မကိုက်ညီလျှင် လက်လွတ်စပယ်” ပြုရာ အလွယ်တကူ စာချုပ်ချိုးဖောက်ကာ အဖွဲ့အစည်းမှ နုတ်ထွက်ခြင်း၊ ငွေကြေးအကြွေးထား၍ ပံ့ပိုးမှုကို ဖြတ်တောက်ခြင်း၊ တစ်ကိုယ်ကောင်းစိတ်ဖြင့် နိုင်ငံတကာအများအကျိုးစီးပွားအပေါ်တွင် နိုင်ထက်စီးနင်းပြုခြင်း လုပ်ရပ်များကို အများက နှစ်မြို့ကြမည်မဟုတ်သလို နောက်ဆုံးတွင် အရှုံးဖြင့် အဆုံးသတ်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သမိုင်းကို ဆက်ခံခြင်း၊ ငြိမ်းချမ်းရေးကို ရှေးရှုထိန်းသိမ်းခြင်း၊ မှန်ကန်သည့်လမ်းကို အခိုင်အမာ စောင့်ထိန်းခြင်းသည် ယခင်သူရဲကောင်းများအတွက် အကောင်းဆုံးသော နှစ်သိမ့်မှု ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ကျယ်ပြန့်များပြားလှသော ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့်အတူ စစ်မှန်သော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေး ဝါဒကို ဖော်ဆောင်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအခြေခံကို အခိုင်အမာတည်ဆောက်သွားမည် ဖြစ်သလို လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်းအား အတူလက်တွဲ တည်ဆောက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
中国代表呼吁共同捍卫二战胜利成果
新华社联合国5月7日电 中国常驻联合国代表傅聪7日在联合国大会纪念二战遇难者特别会议上发言说,国际社会要以纪念二战胜利80周年为契机,共同弘扬正确二战史观,共同捍卫二战胜利成果。
傅聪说,80年前,世界人民经过浴血奋战,彻底打败了法西斯主义,取得正义战胜邪恶、光明战胜黑暗、进步战胜反动的伟大胜利!作为东方主战场,中国付出了3500多万人的巨大伤亡,抗击了日本军国主义主要兵力,为世界反法西斯战争胜利作出了不可磨灭的贡献。
傅聪指出,二战胜利开启了和平与发展的新篇章。80年后的今天,世界进入新的动荡变革期,单边主义甚嚣尘上,霸凌行径大行其道。国际社会要以纪念二战胜利80周年为契机,以史为鉴,重温初心,肩负时代重任,开辟光明前景。
傅聪说,要共同弘扬正确二战史观。只有正确认识历史,才能实现《联合国宪章》中“欲免后世再遭战祸”的崇高理想。任何淡化、否认、歪曲二战历史的图谋和行径,任何美化侵略战争和殖民统治的言论,都是对历史的嘲弄和对人类良知的侮辱,必然失信于世界人民。
傅聪表示,要共同捍卫二战胜利成果。历经二战浩劫后,国际社会共同创立了联合国,制定了《联合国宪章》,奠定了现代国际秩序的基石,确立了当代国际关系基本准则,主权平等、不干涉内政、和平解决争端等理念逐渐深入人心。国际社会要坚定维护以联合国为核心的国际体系,维护以国际法为基础的国际秩序,维护以规则为基础的多边贸易体制,向各种强权政治、霸凌行径坚决说不。
傅聪强调,要共同维护联合国权威和地位。联合国为维护世界和平、促进共同发展发挥了重要作用,同时也需要与时俱进,不断改革完善。形势越是动荡,国际社会越是要团结起来,支持联合国在国际事务中发挥核心作用。个别国家对联合国“合则用、不合则弃”,动辄毁约退群,欠费断供,试图将一己之私凌驾于国际公利之上,其所作所为不得人心,最终必将以失败告终。
傅聪表示,传承历史、守望和平、坚守正道,是对先烈的最好告慰。中国愿同联合国广大会员国一道,践行真正的多边主义,筑牢世界和平与发展之基,携手构建人类命运共同体。(完)
1. 5月7日,在位于纽约的联合国总部,中国常驻联合国代表傅聪在联合国大会纪念二战遇难者特别会议上发言。新华社记者 谢锷 摄