Connect with us

Latin America

“တရုတ်နိုင်ငံနဲ့အတူလက်တွဲ၍ ပိုမိုအားကောင်းသော ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံ အသံများ ထုတ်ဖော်ပြောကြားသွားဖို့ မျှော်လင့်ပါတယ်” – ဘရာဇီးနိုင်ငံ သမ္မတ လူလာအား တွေ့ဆုံမေးမြန်းမှု

ဘရာဇီးနိုင်ငံ သမ္မတ လူလာက ဘရာဇီးနိုင်ငံ မြို့တော်ဘရာဇီးလီးယား၌ ဘရာဇီးနိုင်ငံအခြေစိုက် တရုတ်မီဒီယာများ၏ အဖွဲ့လိုက်တွေ့ဆုံမေးမြန်းမှုကို မေ ၅ ရက်က ဖြေကြားစဉ် (ဆင်ဟွာ)

ဘရာဇီးလီးယား၊ မေ ၁၃ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံအနေဖြင့် တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ်၊ BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ယန္တရား၊ “ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (UNFCCC)” အဖွဲ့ဝင်နိုင်ငံညီလာခံ စသည့် ပလက်ဖောင်းများကို အသုံးပြုပြီး တရုတ်နိုင်ငံနှင့်အတူလက်တွဲ၍ ပိုမိုအားကောင်းသော ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံ အသံများ ထုတ်ဖော်ပြောကြားသွားလိုကြောင်း၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် လွတ်လပ်စွာကုန်သွယ်ရေးအား ကာကွယ်ထိန်းသိမ်းပြီး ရာသီဥတုပြောင်းလဲမှုရင်ဆိုင်သည့်ရည်မှန်းချက် ဖော်ဆောင်ရေးအား တွန်းအားပေးသွားရန် မျှော်လင့်ကြောင်း ဘရာဇီးနိုင်ငံ သမ္မတ လူလာက မကြာသေးမီက ဘရာဇီးနိုင်ငံအခြေစိုက် တရုတ်မီဒီယာများ၏ အဖွဲ့လိုက်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

“၂၁ ရာစုကာလ မတည်ငြိမ်မှုများနဲ့လှုပ်ခတ်နေတဲ့ ကမ္ဘာကြီးမှာ တရုတ်နိုင်ငံဟာ ဘရာဇီးနိုင်ငံရဲ့ နိုင်ငံရေးမိတ်ဖက်၊ စီးပွားရေးမိတ်ဖက်နဲ့ အလွန်အင်အားကောင်းတဲ့ မဟာဗျူဟာမိတ်ဖက်ဖြစ်ပါတယ်။ ကျွန်တော် တရုတ်နိုင်ငံကို ခရီးစဉ်သွားရောက်တာဟာ ဘရာဇီးနဲ့ တရုတ်နိုင်ငံက လတ်တလောနှစ်ပိုင်းအတွင်း တည်ဆောက်ထားတဲ့ ကောင်းမွန်သော ဆက်ဆံရေးကို ရှေ့ဆက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ဆက်ဆံရေးက ပိုကောင်းလာနေပြီး ပိုမိုအင်အားကောင်းလာနေတဲ့ မဟာဗျူဟာအင်အားကို ရရှိနေတာပဲဖြစ်ပါတယ်” ဟု လူလာက ထောက်ပြပြောကြားခဲ့သည်။

ကမ္ဘာကြီးသည် ပဋိပက္ခမဟုတ်သည့် သဟဇာတဖြစ်မှုကို လိုအပ်ခြင်းဖြစ်ကာ အထင်လွဲမှုမဟုတ်သည့် နားလည်မှုကို လိုအပ်ခြင်းဖြစ်ကြောင်း လူလာက အလေးထား ပြောကြားခဲ့သည်။ ကမ္ဘာကြီးသည် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ မလိုအပ်ဘဲ ကမ္ဘာကြီး စည်းမျဉ်းစည်းကမ်းများ လိုအပ်ကြောင်း၊ ကုန်သွယ်ရေးအရ ပဋိပက္ခဖြစ်မှုနှင့် ကြုံတွေ့ပါက စည်းမျဉ်းစည်းကမ်းကို သတ်မှတ်ပြီး ကုန်သွယ်ရေးအရ တရားမျှတမှုကို အာမခံပေးကာ နှစ်ဖက်အကျိုးဖြစ်ထွန်းမှုကို ဖော်ဆောင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံတစ်နိုင်ငံအပေါ်မှာ တင်စီးနေတာကို ကျွန်တော်တို့ မလိုချင်ပါဘူး။ ငွေကြေးတစ်မျိုးက အခြားငွေကြေးတစ်မျိုးအပေါ်မှာ တင်စီးတာကိုလည်း ကျွန်တော်တို့ မလိုချင်ပါဘူး။ ကျွန်တော်တို့ လိုချင်တာက တရားမျှတတဲ့၊ သမာသမတ်ကျတဲ့ ကုန်သွယ်ရေးပါ။ နိုင်ငံတိုင်းက တရားမျှတစွာ အရောင်းအဝယ် ပြုလုပ်နိုင်ပြီး ထိရောက်မှုရှိကာ တရားမျှတတဲ့ ဟန်ချက်ညီမှုရှိဖို့ လိုအပ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအတွင်း၌ ဘရာဇီးနှင့် တရုတ် စသည့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများက ဩဇာအရှိန်အဝါ ပိုမိုကြီးမားသည့် အခန်းကဏ္ဍကနေ ပါဝင်နိုင်သည်ဟု လူလာက ယူဆထားသည်။ “ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများက ၂၁ ရာစုနှစ်ရဲ့ နိုင်ငံရေးအရ ကိစ္စရပ်အသစ်များဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော်တို့က ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများဆိုတဲ့ အယူအဆကို ဖန်တီးလိုက်တာပါ။ ကျွန်တော်တို့ ဒီနေ့အဆင့်အထိ လျှောက်လှမ်းလာနိုင်တဲ့အတွက်လည်း ကျွန်တော် ဂုဏ်ယူမိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ကုန်သွယ်ရေးကဏ္ဍနှင့်စပ်လျဉ်း၍ ဘရာဇီးနိုင်ငံသည် လက်တင်အမေရိကတိုက်၏ အကြီးမားဆုံး စီးပွားရေးအဖွဲ့အစည်းဖြစ်ပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးသွားလာမှုပမာဏ အလွန်ကြီးမားကြောင်း၊ နှစ်ဖက်ကုန်သွယ်ရေးပမာဏ အရှိန်အဟုန်မြင့်တိုးတက်လာသော်လည်း “ကျွန်တော်တို့နှစ်နိုင်ငံအကြား ကူးလူးဆက်ဆံမှု၊ အပြန်အလှန်လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုရရင် ဒီပမာဏက သိပ်ပြီးနည်းပါတယ်” ဟု လူလာက ပြောကြားခဲ့သည်။

လူလာက ယခုအကြိမ် တရုတ်နိုင်ငံခရီးစဉ်အတွင်း ကြီးမားသော စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာမည်ဖြစ်ပြီး တရုတ်လုပ်ငန်းကုမ္ပဏီများနှင့် မိတ်ဖက်ဆက်ဆံရေး အသစ်ကို တည်ထောင်သွားရန် မျှော်လင့်ကြောင်း၊ အထူးသဖြင့် အခြေခံအဆောက်အဦ၊ သတ္တုလုပ်ငန်းနှင့် စွမ်းအင်ကဏ္ဍများတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုအင်အားများ မြှင့်တင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

သိပ္ပံနည်းပညာကဏ္ဍနှင့်စပ်လျဉ်း၍ ဘရာဇီး-တရုတ် နှစ်နိုင်ငံသည် အာကာသလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ စတင်ပြီးဖြစ်သော တရုတ်-ဘရာဇီး ကမ္ဘာ့အရင်းအမြစ် ဂြိုဟ်တု ၅ နှင့် ဂြိုဟ်တု ၆ စီမံကိန်းများကို တစ်ဆင့်တိုး ပြည့်စုံကောင်းမွန်လာအောင် လုပ်ဆောင်ရန် မျှော်လင့်ကြောင်း၊ ဉာဏ်ရည်တုကဏ္ဍတွင် ဉာဏ်ရည်တုဝန်ဆောင်မှုသည် နိုင်ငံအနည်းငယ်ကိုသာမဟုတ်ဘဲ လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် ဝန်ဆောင်မှုပေးခြင်းအား အာမခံပေးရမည်ဖြစ်ကြောင်း၊ ဆေးဘက်ဆိုင်ရာ သိပ္ပံနည်းပညာကဏ္ဍတွင် ကမ္ဘာပေါ်ရှိ ဆင်းရဲနွမ်းပါးသူများက ကာကွယ်ဆေးရှားပါးခြင်းကြောင့် သေဆုံးမှုကို ရှောင်ကြဉ်ရန်အတွက် ကာကွယ်ဆေးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရမည်ဖြစ်ကြောင်း လူလာက ပြောကြားခဲ့သည်။

ရာသီဥတုပြောင်းလဲမှုအား ရင်ဆိုင်ခြင်းနှင့် စပ်လျဉ်း၍ လူလာက တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှုအား ရင်ဆိုင်သည့်လုပ်ငန်းများတွင် သိသာထင်ရှားသော ရလဒ်ရှိကြောင်း ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ် “ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (UNFCCC)” အကြိမ် ၃၀ မြောက် အဖွဲ့ဝင်နိုင်ငံများ ညီလာခံကို ဘရာဇီးနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဘရာဇီးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အားကောင်းသော မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ပြီး မိမိတို့၏ စွမ်းအင်အသွင်ပြောင်းမှုဖော်ဆောင်ရာတွင် တရုတ်နိုင်ငံဘက်က အောင်မြင်သည့်အတွေ့အကြုံများ သယ်ဆောင်လာပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

မကြာမီကျင်းပတော့မည့် တရုတ်- လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးများအစည်းအဝေးနှင့် စပ်လျဉ်း၍ လူလာက “လတ်တလောနှစ်ပိုင်းတွင် လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများစွာနဲ့ တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးဆက်သွယ်မှုက တိုးမြင့်လာပါတယ်။ တရုတ်နိုင်ငံနဲ့ ဒီဒေသရဲ့ နိုင်ငံရေးဆက်ဆံရေးကလည်း တစ်နေ့တခြား နီးကပ်လာပါတယ်။ ယခုအချိန်က CELAC နဲ့ တရုတ်နိုင်ငံ မဟာ‌ဗျူဟာဆက်ဆံရေး ထူထောင်ဖို့ ကြီးမြတ်တဲ့ အခိုက်အတန့်ပဲဖြစ်ပါတယ်” ဟု လူလာက ပြောကြားခဲ့သည်။

ယခုအကြိမ် အစည်းအဝေးကာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များအကြား ကူးလူးဖလှယ်မှုအခမ်းအနားများ ကျင်းပသွားမည်ဟု လူလာက ပြောကြားခဲ့သည်။ “ကျွန်တော်တို့ နိုင်ငံရေးသမားတွေက တံခါးကို ဘယ်လိုဖွင့်ရမလဲဆိုတာ သိတယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကမှ စီးပွားရေးလုပ်တဲ့လူတွေပါ။ ဒါကြောင့် ကျွန်တော်တို့လုပ်ဆောင်နေတာက တရုတ်လုပ်ငန်းရှင်တွေ လက်တင်အမေရိကအကြောင်း နားလည်သိရှိဖို့နေရာ ကြိုးပမ်းဖန်တီးပေးလိုက်ပြီး လက်တင်အမေရိကက တရုတ်နိုင်ငံအကြောင်း ပိုမိုနားလည်သိရှိလာဖို့ တွန်းအားပေးလိုက်တာပါ။ ဒီလိုဆို ကျွန်တော်တို့က လုပ်ငန်းကုမ္ပဏီရဲ့ အကျိုးစီးပွား၊ ပညာရပ်ပိုင်းဆိုင်ရာအဖွဲ့အစည်းနဲ့ သိပ္ပံသုတေသနဝန်ထမ်းများရဲ့ အကျိုးစီးပွားကို ပေါင်းစပ်လိုက်လို့ရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ယမန်နှစ် နိုဝင်ဘာလတွင် တရုတ်-ဘရာဇီး နှစ်နိုင်ငံဆက်ဆံရေးကို “ပို၍ တရားမျှတသော ကမ္ဘာကြီးနှင့် ပို၍ ရေရှည်တည်တံ့သော ကမ္ဘာဂြိုဟ်၏ တရုတ်-ဘရာဇီး အေးအတူပူအမျှ အသိုက်အဝန်း အတူလက်တွဲ တည်ဆောက်ရေး” အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ “ကျွန်တော်တို့ ဒီရည်မှန်းချက်ကို ကြိုးပမ်း အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ ဘရာဇီးက ‘တောင်အမေရိက တစ်သားတည်းဖြစ်ရေး လမ်းကြောင်းအစီအစဉ်’ တွန်းအားပေးဖော်ဆောင်ရာမှာ တရုတ်နိုင်ငံက အရေးကြီး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဖြစ်လာနိုင်ပါတယ်” ဟု လူလာက ပြောကြားခဲ့သည်။ (Xinhua)

——————————-
(Chinese Version)
高端访谈|“希望与中方携手发出更强南方声音”——访巴西总统卢拉
新华社巴西利亚5月12日电 高端访谈|“希望与中方携手发出更强南方声音”——访巴西总统卢拉   新华记者赵焱 陈威华
巴西总统卢拉日前在接受中国驻巴西媒体集体采访时表示,巴方希望利用中拉论坛、金砖国家合作机制、《联合国气候变化框架公约》缔约方大会等平台,与中方携手发出更强全球南方声音,捍卫多边主义和自由贸易,推动实现应对气候变化目标。
卢拉指出:“在21世纪这个动荡的世界里,中国是巴西的政治伙伴、经济伙伴和非常强大的战略伙伴。我对中国的访问是巴西与中国近年来建立的良好关系的延续。我们的关系越来越好,正获得越来越强大的战略力量。”
卢拉强调,世界需要和谐而不是冲突,需要理解而不是误解。世界不需要保护主义,世界需要规则。在遇到贸易冲突时,应该制定规则,确保贸易公平,实现双赢。
他表示:“我们不希望一个国家凌驾于另一个国家之上,我们不希望一种货币凌驾于其他货币之上。我们想要的是公正、公平的贸易,每个国家都能公平地买卖,必须存在有效和公正的平衡。”
卢拉认为,在全球范围内,巴西与中国等全球南方国家一起可以发挥更大的影响力。“我认为全球南方是21世纪的政治新事物,我们创造了全球南方这个概念,我对我们能够走到今天这一步感到非常自豪。”
在贸易方面,卢拉表示,巴西是拉丁美洲最大经济体,与中国贸易往来体量巨大,尽管双边贸易额飞速增长,“但相对于我们两国之间的交流、相互需要的投资来说,这个数额还是很小的”。
卢拉此次访华将带领庞大的企业家代表团,希望与中国企业建立新的伙伴关系,特别是在基础设施、矿业和能源领域期待与中国加大合作力度。
在科技领域,卢拉表示,希望巴中两国加强空间合作,进一步完善已启动的中巴地球资源卫星05星、06星项目;在人工智能问题上,确保人工智能服务于全人类,而不仅仅是少数几个国家;在医药科技方面加强疫苗合作,避免世界上贫穷人口因缺乏疫苗而死亡。
在应对气候变化领域,卢拉表示,中国应对气候变化工作取得显著成效。2025年《联合国气候变化框架公约》第三十次缔约方大会将在巴西举行,巴方希望与中方建立强有力的伙伴关系,期待中方带来自己在能源转型问题上的成功经验。
在谈到即将举行的中拉论坛第四届部长级会议时,卢拉表示:“近年来许多拉美和加勒比国家与中国贸易联系得到加强,中国与这一地区的政治关系也日益密切,现在是拉共体和中国建立战略关系的伟大时刻。”
卢拉说,此次会议期间将举行企业家之间的交流活动。他说:“我们政治家知道如何打开大门,但企业家才是做生意的人。因此,我们所做的就是努力为中国企业家了解拉美提供空间,推动拉美更加了解中国,这样我们就可以将企业的利益、学术机构以及科研人员的利益结合起来。”
去年11月,中巴两国关系提升为“携手构建更公正世界和更可持续星球的中巴命运共同体”。卢拉说:“我们会努力实现这一目标。中国可以成为巴西推进‘南美一体化路线计划’的重要合作伙伴。”(完)
图说:5月5日,巴西总统卢拉在首都巴西利亚接受中国驻巴西媒体集体采访。新华社记者 王天聪 摄