Connect with us

China

တရုတ်-CELAC ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးက စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး စိန်ခေါ်မှုအား အတူရင်ဆိုင်မည့် “တရုတ်-CELAC အသံ” များ ထုတ်ဖော်ပြောကြားဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်အား မေ ၁၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)
တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးကို မေ ၁၃ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ အောင်မြင်စွာ ကျင်းပခဲ့သည်။ တရုတ်-CELAC ဖိုရမ် တရားဝင်ကျင်းပမှု ၁၀ နှစ်ပြည့် အခါသမယတွင် ယခုအကြိမ် အစည်းအဝေးက ကမ္ဘာကြီးထံသို့ စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး စိန်ခေါ်မှုအား အတူရင်ဆိုင်မည့် “တရုတ်-CELAC အသံ” များ ထုတ်ဖော်ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က မေ ၁၄ ရက်တွင် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်သည် အဆိုပါအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အရေးကြီးမိန့်ခွန်း ပြောကြားခဲ့ကြောင်း၊ CELAC အလှည့်ကျဥက္ကဋ္ဌနိုင်ငံ ကိုလံဘီယာနိုင်ငံ သမ္မတ Gustavo Petro ၊ ဘရာဇီးနိုင်ငံ သမ္မတ Luiz Inacio Lula da Silva ၊ ချီလီနိုင်ငံ သမ္မတ Gabriel Boric ၊ New Development Bank ဥက္ကဋ္ဌ Dilma Rousseff တို့ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး CELAC လာမည့်အလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဥရုဂွေးနိုင်ငံ သမ္မတ Yamandú Orsi က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း၊ မျက်နှာစုံညီအစည်းအဝေးကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့ပြီး လက်တင်အမေရိကနှင့် ကာရေဘီယံဒေသ (LAC) နိုင်ငံပေါင်း ၂၈ နိုင်ငံ၊ ဒေသတွင်းအဖွဲ့အစည်း ၆ ခု၊ ဝန်ကြီးအဆင့်အရာရှိများ ၅၀ ကျော် တရုတ်နိုင်ငံသို့လာရောက်၍ အစည်းအဝေး တက်ရောက်ခဲ့ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။

အစည်းအဝေးတွင် “တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေး ပေကျင်းကြေညာချက်” နှင့် “တရုတ်-CELAC အဖွဲ့ဝင်နိုင်ငံများ အရေးကြီးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အတူတကွလှုပ်ရှားမှုအစီအစဉ် (၂၀၂၅-၂၀၂၇)” အား အတည်ပြုခဲ့ပြီး သုံးနှစ်ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းပေါင်း ၁၀၀ ကျော် သဘောတူညီမှုရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံဘက်က LAC နိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ထောက်ပံ့ပေးမည့် အစီအမံပေါင်း ၂၀ ကိုလည်း ထုတ်ပြန်ကြေညာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုအကြိမ်အစည်းအဝေး၏ အထူးခြားဆုံးအချက်မှာ သမ္မတ ရှီကျင့်ဖိန်က တရုတ်-LAC နိုင်ငံများ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု၏ အောင်မြင်မှုအတွေ့အကြုံကို စနစ်တကျခြုံငုံသုံးသပ်၍ စည်းလုံးညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှု၊ ငြိမ်းချမ်းမှု၊ ပြည်သူအချင်းချင်း ချိတ်ဆက်မှု “အစီအစဉ် ၅ ရပ်” စတင်မည်ဟု ကြေညာခဲ့ကြောင်း၊ နိုင်ငံရေးအခြေခံအား တစ်ဆင့်တိုး ခိုင်မြဲစေခြင်းဖြင့် အတူတကွ သာယာဝပြောမှုအား မြှင့်တင်ကာ ယဉ်ကျေးမှု အပြန်အလှန် လေ့လာသင်ယူမှုအား နက်ရှိုင်းစေမည်ဖြစ်ကြောင်း၊ ဒေသတွင်းတည်ငြိမ်မှုအား ကာကွယ်ထိန်းသိမ်း၍ ပြည်သူများချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ကာ တရုတ်-LAC နိုင်ငံများ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအတွက် ဦးတည်ချက်လားရာ အတည်ပြုပေးလိုက်ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။

ယခုအကြိမ် အစည်းအဝေး၏ အရေးကြီးဆုံး သဘောတူညီချက်မှာ တရုတ်-CELAC ဖိုရမ်သည် ၁၀ နှစ်တာအတွင်း အောင်မြင်မှုများရရှိခဲ့ပြီး နှစ်ဖက်အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများကို တိုးချဲ့သွားမည်ဖြစ်ကြောင်း၊ တရုတ်-LAC နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အေးအတူပူအမျှဖြစ်ကြောင်း၊ နှစ်ဖက်က ခိုင်မြဲစွာအတူလက်တွဲ၍ မိုးဒဏ်လေဒဏ်များကို အတူကျော်ဖြတ်ကာ ပြင်ပ အနှောင့်အယှက်များအား ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်-LAC နိုင်ငံများ စည်းလုံးညီညွတ်မှုသည် အချိန်အခါနှင့် ကိုက်ညီကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ အရေးကြီးအဖွဲ့ဝင်နှင့် ကမ္ဘာဗဟုဝင်ရိုးအသွင်ပြောင်းရေး တိုးတက်မှုအား တွန်းအားပေးသည့်၊ နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင်အား မြှင့်တင်ပေးသည့် အရေးကြီးအင်အားစုအနေဖြင့် နှစ်ဖက်သည် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး ပြောင်းလဲနေသော၊ ရှုပ်ထွေးနေသော အခြေအနေများကို အတူတကွ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း၊ တရုတ်-LAC နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု အနာဂတ်အလားအလာ ကျယ်ပြောလှကြောင်း၊ တရုတ်-LAC နိုင်ငံများသည် အတူလက်တွဲ၍ လူဦးရေ ၂ ဘီလီယံရှိသည့် အထူးကြီးမားသောဈေးကွက်ကြီး တည်ဆောက်ကာ ကိုယ်စီတိုးတက်မှုနှင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားသစ်ကို ပံ့ပိုးပေးပြီး အခွင့်အလမ်းအသစ်များ ဖန်တီးပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“တရုတ်-LAC နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဟာ မိုးဒဏ်လေဒဏ်များကို ခံနိုင်ရည်ရှိပြီး တောတောင်ရေမြေ အကွာအဝေးများကို ကျော်ဖြတ်လာပါတယ်” ၊ တရုတ်နိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန် ကြေညာသော အစီအမံများအား ကောင်းမွန်စွာ အကောင်အထည်ဖော်၍ LAC နိုင်ငံများနှင့်အတူ အပြန်အလှန် အဓိကအကျိုးစီးပွားနှင့် အရေးကြီးဂရုပြုသော ကိစ္စရပ်များတွင် အပြန်အလှန် ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီးသုံးရပ်ကို အတူတကွ အကောင်အထည်ဖော်ဆောင်ပြီး နိုင်ငံစုံကုန်သွယ်ရေးစနစ်နှင့် တံခါးဖွင့် ပူးပေါင်းဆောင်ရွက်သည့် ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းကာ နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုနှင့် ကမ္ဘာကြီး တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။

“စည်းလုံးညီညွတ်မှုစွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုဖြင့် အန္တရာယ်စိန်ခေါ်မှုများကို ရင်ဆိုင်၍ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖွံ့ဖြိုးတိုးတက် သာယာဝပြောမှုကို အတူဖော်ဆောင်သွားမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ တရုတ်-CELAC ဖိုရမ်ဟာ နောက်ထပ် ‘ရွှေရောင်ဆယ်နှစ်’ ကို ခိုင်မြဲစွာ လျှောက်လှမ်းပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းကာ မိမိကိုယ်ကိုအားကိုး၍ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်တဲ့ စာမျက်နှာသစ် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

—————————
(Chinese Version)
外交部:中拉论坛第四届部长级会议发出团结协作共迎挑战的“中拉声音”
新华社北京5月14日电(记者董雪)中国-拉美和加勒比国家共同体论坛第四届部长级会议13日在北京成功举行。外交部发言人林剑14日在例行记者会上表示,在中拉论坛正式运行十周年之际,本次会议向世界发出了团结协作、共迎挑战的“中拉声音”。
林剑说,习近平主席出席会议开幕式并发表重要讲话。拉共体轮值主席国哥伦比亚总统佩特罗、巴西总统卢拉、智利总统博里奇、新开发银行行长罗塞芙致辞,拉共体候任轮值主席国乌拉圭总统奥尔西致贺信。王毅外长主持全体会议。28个拉美和加勒比地区国家、6个地区组织,50余位部长级官员来华参会。会议通过《中国-拉共体论坛第四届部长级会议北京宣言》和《中国-拉共体成员国重点领域合作共同行动计划(2025-2027)》,达成超过100项三年合作项目。中方还宣布20项支持拉美发展的举措。
林剑表示,本次会议最突出的亮点是,习近平主席系统总结了中拉关系发展的成功经验,宣布启动团结、发展、文明、和平、民心“五大工程”,进一步夯实政治基础、促进共同繁荣、深化文明互鉴、维护地区稳定、增进人民情谊,为中拉命运共同体建设明确了方向。
林剑说,本次会议最重要的共识是,中拉论坛十年有成,双方将拓宽合作领域,提升合作质量;中拉发展命运与共,双方将坚定携手、风雨同舟,应对外部干扰;中拉团结恰逢其时,作为全球南方重要成员和推动世界多极化发展、促进国际关系民主化的重要力量,双方将加强团结合作,共应变局乱局;中拉合作前景广阔,中拉携手将打造20亿人口量级超级大市场,为各自增长和全球发展提供新引擎、开辟新机遇。
“中拉合作不惧风雨,跨越山海无问西东。”林剑表示,中方将落实好习近平主席宣布的系列举措,同拉方一道,继续在涉及彼此核心利益和重大关切问题上相互支持,共同落实全球三大倡议,维护多边贸易体制和开放合作环境,捍卫国际公平正义与世界和平稳定。
“我们相信,以团结协作应对风险挑战,以互利合作共谋发展繁荣,中拉论坛将坚定迈向下一个‘金色十年’,开创全球南方联合自强和构建人类命运共同体的新篇章。”他说。(完)