Connect with us

China

တရုတ်နိုင်ငံက ယူနက်စကို ၁၉၇၀ ပြည့်နှစ် ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများညီလာခံ၏ ဥက္ကဋ္ဌနိုင်ငံအဖြစ် ပထမဆုံးအကြိမ် ရွေးချယ်ခံရ

ပဲရစ်၊ မေ ၂၀ ရက် (ဆင်ဟွာ)
ယူနက်စကို၏ ၁၉၇၀ ပြည့်နှစ် “ယဉ်ကျေးမှုပစ္စည်းဥစ္စာများအား တရားမဝင်တင်သွင်းမှု၊ တင်ပို့မှုနှင့် ယင်း ပိုင်ဆိုင်ခွင့်အား တရားမဝင် လွှဲပြောင်းမှု တားမြစ်ရေး၊ ကာကွယ်ရေးနည်းလမ်းများဆိုင်ရာ ကွန်ဗင်းရှင်း” (အတိုကောက် “ကွန်ဗင်းရှင်း”) ၈ ကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံများညီလာခံကို မေ ၁၉ ရက်က ပဲရစ်တွင် ဖွင့်လှစ်ကျင်းပခဲ့ရာ တရုတ်နိုင်ငံက ယခုအကြိမ် အဖွဲ့ဝင်နိုင်ငံများညီလာခံ၏ ဥက္ကဋ္ဌနိုင်ငံအဖြစ် ရွေးချယ်ခံရသည်။ ယင်းမှာ တရုတ်နိုင်ငံ၏ ပထမဆုံးအကြိမ် “ကွန်ဗင်းရှင်း” အဖွဲ့ဝင်နိုင်ငံများညီလာခံ၏ ဥက္ကဋ္ဌနိုင်ငံအဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်။

ယူနက်စကို၏ ၁၉၇၀ ပြည့်နှစ် “ကွန်ဗင်းရှင်း” အဖွဲ့ဝင်နိုင်ငံများညီလာခံ၏ အဓိကတာဝန်ဝတ္တရားများတွင် မဟာဗျူဟာဦးတည်ချက် သတ်မှတ်ပေးခြင်း၊ “ကွန်ဗင်းရှင်း” ဖော်ဆောင်ရေးအား လမ်းညွှန်ပေးခြင်း၊ လိုအပ်သော အစီအမံများအား လုပ်ဆောင်၍ “ကွန်ဗင်းရှင်း” ရည်မှန်းချက် အကောင်အထည်ဖော်ရေးကို မြှင့်တင်ခြင်း၊ “ကွန်ဗင်းရှင်း” အကောင်အထည်ဖော်မှု အခြေအနေကို ကြီးကြပ်ကာ အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများကို စိစစ်သုံးသပ်ပေးခြင်း၊ အကြုံပြုချက်နှင့် လမ်းညွှန်ချက်များကို ချမှတ်တင်ပြကာ “ကွန်ဗင်းရှင်း” ဖော်ဆောင်ရေးအား မြှင့်တင်ပေးခြင်း စသည်တို့ ပါဝင်သည်။

ယူနက်စကိုဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း သံအမတ်ကြီးကိုယ်စားလှယ် ရန်ရှင်းယွိက ယခုအကြိမ် ညီလာခံကို တက်ရောက်၍ သဘာပတိအဖြစ် ဆောင်ရွက်ကာ အစည်းအဝေးအား ထိရောက်မှုမြင့်မားစွာ စနစ်တကျ ကျင်းပရေးနှင့် မျှော်မှန်းထားသော ရည်မှန်းချက်ရရှိရေးအား အာမခံချက်ရှိစေရန် ညီလာခံ၏ လုပ်ငန်းများကို ဦးဆောင်မှု၊ ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သည်။

တရုတ်နိုင်ငံသည် ၁၉၈၉ ခုနှစ်တွင် “ကွန်ဗင်းရှင်း”တွင် ပါဝင်ရန် အတည်ပြုခြင်းခံခဲ့ရကြောင်း၊ ထို့နောက် တရုတ်နိုင်ငံသည် “ကွန်ဗင်းရှင်း” စိတ်ဓာတ်အား အစဉ်အမြဲ တက်ကြွစွာ လက်တွေ့ဖော်ဆောင်ခဲ့ပြီး ပြည်တွင်းတွင် ယဉ်ကျေးမှုပစ္စည်းဥစ္စာများအား တရားမဝင်တင်သွင်းမှု၊ တင်ပို့မှုနှင့် ပိုင်ဆိုင်ခွင့်အား တရားမဝင် လွှဲပြောင်းမှုကို ကာကွယ်ရေးနှင့် တိုက်ဖျက်ရေး အစီအမံများစွာကို ချမှတ်ကျင့်သုံးခဲ့ကြောင်း၊ ပြည်တွင်းရှိ ယဉ်ကျေးမှုပစ္စည်းများ ထိန်းသိမ်းရေး တရားဥပဒေစနစ်ကို စဉ်ဆက်မပြတ် ကောင်းမွန်ပြည့်စုံစေပြီး ယင်းနှင့် “ကွန်ဗင်းရှင်း” ၏အခြေခံမူနှင့် တောင်းဆိုချက်များကို ချိတ်ဆက်ခဲ့ကြောင်း ရန်ရှင်းယွိ၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။

တရုတ်နိုင်ငံက ယဉ်ကျေးမှုပစ္စည်းဥစ္စာများ တရားမဝင်သယ်ယူပို့ဆောင်မှုအား တိုက်ဖျက်သည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ကာ နိုင်ငံအများအပြားနှင့် အစိုးရအကြား ယဉ်ကျေးမှုပစ္စည်းများ တရားမဝင်တင်သွင်းမှု၊ တင်ပို့မှုအား ကာကွယ်တားဆီးရေးဆိုင်ရာ သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ပြီး ယူနက်စကို မူဘောင်အောက်ရှိ သက်ဆိုင်ရာ လှုပ်ရှားမှုများကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ရန်ရှင်းယွိက ပြောကြားခဲ့သည်။

ယူနက်စကို၏ ၁၉၇၀ ပြည့်နှစ် “ကွန်ဗင်းရှင်း” သည် ယဉ်ကျေးမှုပစ္စည်းဥစ္စာများအား တရားမဝင်သယ်ယူပို့ဆောင်ရောင်းချခြင်းနှင့် ပျောက်ဆုံးသွားသော ယဉ်ကျေးမှု အမွေအနှစ်များအား ရှာဖွေရယူခြင်း၊ ပြန်လည်အပ်နှံခြင်း ကဏ္ဍ၏ အရေးပါဆုံး နိုင်ငံစုံ ယန္တရားဖြစ်ရာ လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံ ၁၄၇ နိုင်ငံရှိကြောင်း၊ ၈ ကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံများညီလာခံကို မေ ၂၀ ရက်တွင် ကျင်းပပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………….
(Chinese Version)
中国首次当选联合国教科文组织1970年《公约》缔约国大会主席国
新华社巴黎5月19日电(记者邢建桥)联合国教科文组织1970年《关于禁止和防止非法进出口文化财产和非法转让其所有权的方法的公约》(简称《公约》)第八届缔约国大会19日在巴黎开幕,中国当选为本届缔约国大会主席国。这是中国首次当选《公约》缔约国大会主席国。
联合国教科文组织1970年《公约》缔约国大会主要职责包括制定战略方向,指导《公约》的实施;采取必要措施,促进《公约》目标的实现;监督《公约》的执行情况,审议缔约国的报告;制定并提交建议和指南,以促进《公约》的实施等。中国常驻联合国教科文组织大使衔代表杨新育履职此次大会主席并主持大会,领导和协调大会的工作,以确保会议高效有序地进行并达成预期目标。
据杨新育介绍,中国于1989年批准加入《公约》。此后,中国一直积极践行《公约》精神,在国内采取了一系列措施来防止和打击文化财产的非法进出口和所有权非法转让,并不断完善国内的文物保护法律法规体系,使其与《公约》的原则和要求相衔接。
杨新育表示,中国还积极参与打击文化财产非法贩运的国际合作,与多个国家签署了防止文物非法进出境的政府间协定,并积极参与联合国教科文组织框架下的相关活动

联合国教科文组织1970年《公约》是打击文化财产非法贩运和流失文物追索返还领域最重要的多边机制,目前有147个缔约国。第八届缔约国大会将于20日闭幕。(完)