Connect with us

China

ရှီကျင့်ဖိန်နှင့် ပြင်သစ် သမ္မတ မက်ခရွန် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိလာသော ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၃ ခုနှစ် ဧပြီ ၆ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်နှင့် မေ ၂၂ ရက် ညနေပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

ထိုသို့ ဆွေးနွေးရာတွင် ရှီကျင့်ဖိန်က လွန်ခဲ့သည့်နှစ် မေလက မိမိအနေဖြင့် ပြင်သစ်သို့ ခရီးစဉ်သွားရောက်ခဲ့ရာ နှစ်ဖက်အကြား လွတ်လပ်၍ကိုယ်ပိုင်ရပ်တည်သော၊ အပြန်အလှန် နားလည်သော၊ အမြော်အမြင်ရှိသော၊ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်သော တရုတ်-ပြင်သစ် သံတမန်ဆက်ဆံရေး စိတ်ဓာတ်ကို မြှင့်တင်ပြီး ယင်းအတွက် ခေတ်သစ်၏အနှစ်သာရများ ဖြည့်တင်းပေးရန် တစ်ပြေးညီ သဘောတူခဲ့ကြကြောင်း ထောက်ပြ ပြောကြားခဲ့သည်။
ထို့နောက် တရုတ်-ပြင်သစ် ပူးပေါင်းဆောင်ရွက်မှုသည် တိုးတက်မှုအသစ် များစွာ ထပ်မံရရှိခဲ့ကြောင်း၊ နှစ်ဖက်အနေဖြင့် မဟာဗျူဟာညှိနှိုင်းဆွေးနွေးမှုကို မြှင့်တင်ရမည် ဖြစ်သလို သဘောတူညီချက်များကို စုစည်းရမည် ဖြစ်ကြောင်း၊ အခွင့်အလမ်းကို အမိအရဆုပ်ကိုင်၍ ရင်းနှီးမြှုပ်နှံမှု၊ လေကြောင်းနှင့် အာကာသ၊ နျူကလီးယားစွမ်းအင် စသည့် သမားရိုးကျကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်သလို ဒစ်ဂျစ်တယ်၊ အစိမ်းရောင်၊ ဇီဝဆေးဝါး၊ သက်ကြီးရွယ်အိုများအတွက် ထုတ်ကုန်နှင့် ဝန်ဆောင်မှုပေးသော ဆံဖြူစီးပွားရေး (Silver economy) စသည့် ထွန်းသစ်စ ကဏ္ဍသစ်များ၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရမည် ဖြစ်ကြောင်း၊ လူမှုယဉ်ကျေးမှုဖလှယ်ရေးကို တိုးမြှင့်ကာ ပြည်သူများချစ်ကြည်ရေးကို မြှင့်တင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုနှစ်သည် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲအောင်နိုင်ခြင်းနှင့် ကုလသမဂ္ဂတည်ထောင်ခြင်း နှစ် ၈၀ ပြည့် ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။
တရုတ်နှင့် ပြင်သစ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှင့် လွတ်လပ်၍ ကိုယ်ပိုင်ရပ်တည်မှုရှိသော နိုင်ငံကြီးများအနေဖြင့် စစ်အလွန် နိုင်ငံတကာစည်းစနစ်ကို တည်ထောင်သူ၊ တည်ဆောက်သူများ ဖြစ်ကြရာ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်သင့်ကြောင်း၊ ကုလသမဂ္ဂ၏ ဩဇာအရှိန်အဝါနှင့် အနေအထားကို အတူကာကွယ်ရမည်ဖြစ်သလို နိုင်ငံတကာကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ကမ္ဘာ့စီးပွားရေးစနစ်ကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ပြီး စစ်မှန်သည့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို လက်တွေ့ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာအခြေအနေ ပို၍ ရှုပ်ထွေးလေ၊ တရုတ်-ပြင်သစ် နှစ်နိုင်ငံသည် မှန်ကန်သည့် မဟာဗျူဟာရွေးချယ်မှုကို ပို၍ လုပ်ဆောင်ရလေဖြစ်ကြောင်း၊ နိုင်ငံတကာစည်းစနစ်ကို ကာကွယ်ထိန်းသိမ်းသည့် အားထားရာအင်အား၊ ကမ္ဘာ့တိုးတက်ရေးကို မြှင့်တင်သည့် တံခါးဖွင့်အင်အား၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးကို ဦးဆောင်သည့် တိုးတက်ရေးအင်အားအဖြစ် အတူတကွ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဥရောပကို ဗဟုဝင်ရိုးကမ္ဘာ၏ လွတ်လပ်သော ဝင်ရိုးတစ်ခုအဖြစ် အစဉ်အမြဲ ရှုမြင်ကြောင်း၊ ဥရောပသမဂ္ဂ၏ မဟာဗျူဟာ ကိုယ်ပိုင်ရပ်တည်မှုအားမြှင့်တင်ခြင်း၊ နိုင်ငံတကာရေးရာတွင် ပို၍ အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ခြင်းကို ထောက်ခံအားပေးကြောင်း၊ ဥရောပနှင့် အတူလက်တွဲကာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းသွားရန်၊ နှစ်ဖက် အကျိုးဖြစ်ထွန်း၍ ကမ္ဘာအတွက် အကျိုးရှိသော ရလဒ်ရရှိရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖိန်က ထောက်ပြ ပြောကြားခဲ့သည်။

မက်ခရွန်က ပြင်သစ်-တရုတ်၊ ဥရောပ-တရုတ် ဆက်ဆံရေးသည် အလွန်အရေးကြီးပြီး ကမ္ဘာ့အနက်အဓိပ္ပာယ်ရှိကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတကာအခြေအနေ မည်သို့ပင်ပြောင်းလဲစေကာမူ ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် ဆက်ဆံရေးကို အထူးအလေးထားပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လိုက်နာစောင့်ထိန်းသည့် ရပ်တည်ချက်မှာ မည်သို့မျှ ပြောင်းလဲမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကုန်သွယ်စီးပွား ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားလိုကြောင်း၊ နှစ်ဖက်ဆက်ဆံရေး ကောင်းမွန်တိုးတက်သည့်အနေအထားကို ထိန်းသိမ်းကာ ပြင်သစ်-တရုတ် ဆက်ဆံရေး ပိုမိုကြီးမားသော တိုးတက်မှုရရှိစေရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း၊ လျင်မြန်စွာ ပြောင်းလဲနေသည့် နိုင်ငံတကာအခြေအနေကို ရင်ဆိုင်ရာတွင် ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အရေးကြီးကိစ္စရပ်များအပေါ် ညှိနှိုင်းဆွေးနွေးမှုများ အားဖြည့်သွားလိုကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ၏ တာဝန်ကို ထမ်းဆောင်ကာ အများစိုးရိမ်ဂရုပြုကြသည့်ကိစ္စရပ်များ အရှိန်မြင့်တက်၍ ပြင်ပသို့ ယိုလျှံလာမှုအား တားဆီးပြီး ကမ္ဘာနှင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ ဥရောပ-တရုတ်သည် တစ်ဆင့်တိုး နီးကပ်စွာ ညှိနှိုင်းဆွေးနွေးပြီး ဘုံအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းသင့်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များသည် ယူကရိန်းအကျပ်အတည်း၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ၊ အီရန်နျူကလီးယားအရေး စသည့် ဘုံဂရုပြုကြသည့် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း နက်ရှိုင်းစွာ အမြင်သဘောထားချင်းဖလှယ်ခဲ့သည်။ (Xinhua)

———————-
(Chinese Version)
习近平同法国总统马克龙通电话
新华社北京5月22日电 5月22日下午,国家主席习近平应约同法国总统马克龙通电话。
习近平指出,去年5月我访问法国,双方一致同意弘扬独立自主、相互理解、高瞻远瞩、互利共赢的中法建交精神,并为其赋予新的时代内涵。此后,中法合作又取得许多新进展。双方要加强战略沟通,凝聚共识。抓住机遇,深化投资、航空航天、核能等传统领域合作,拓展数字、绿色、生物医药、银发经济等新兴领域合作。增进人文交流,促进人民友好。
习近平强调,今年是世界反法西斯战争胜利和联合国成立80周年。中法同为联合国安理会常任理事国和独立自主大国,是战后国际秩序的缔造者、建设者,应该加强团结合作,共同维护联合国权威和地位,维护国际贸易规则和世界经济秩序,践行真正的多边主义。国际形势越是复杂,中法越要作出正确战略抉择,共同做维护国际秩序的可靠力量、促进全球增长的开放力量、引领多边合作的进步力量。
习近平指出,中方始终视欧洲为多极世界的独立一极,支持欧盟加强战略自主,在国际事务中发挥更重要作用,愿同欧方携手应对全球性挑战,达成更多既造福双方、也有利于世界的成果。
马克龙表示,法中、欧中关系至关重要,具有世界意义。无论国际形势如何变化,法方高度重视对华关系、坚定恪守一个中国原则的立场不会有任何改变。愿同中方加强经贸投资及各领域务实合作,保持双边关系良好发展势头,推动法中关系取得更大发展。面对快速变化的国际形势,法方愿同中方在重大问题上加强沟通协调,承担起联合国安理会常任理事国的责任,防止热点问题升级外溢,共同维护世界和地区和平稳定。欧中应进一步密切沟通对话,维护共同利益。
两国元首还就乌克兰危机、巴以冲突、伊朗核等共同关心的国际和地区问题深入交换了意见。(完)
1. 2023年4月6日下午,国家主席习近平在北京人民大会堂同来华进行国事访问的法国总统马克龙举行会谈。新华社记者 谢环驰 摄