Connect with us

Videos

ခေတ်မီနည်းပညာများဖြင့် Xiongan မြို့သစ်စီမံကိန်း

ပေကျင်း၊ ဇွန်၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်းတွင် ခေတ်မီတိုးတက်သည့် အနာဂတ်မြို့တော် Future City စီမံကိန်းကို အစိုးရက အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသည်။ ၎င်းမှာ ပေကျင်းမြို့မှ အနောက်မြောက်ဘက် ကီလိုမီတာ ၁ဝဝ ခန့်တွင်တည်ရှိပြီး Xiongan မြို့သစ်ဟုအမည်တွင်သည်။ ၎င်းမြို့သစ်တွင် လူ့စွမ်းအားအရင်းအမြစ်ကို ချွေတာသည့်အနေဖြင့် စတိုးဆိုင်များတွင်ဝန်ထမ်းများကို ခန့်ထားခြင်းမရှိဘဲ အွန်လိုင်းစနစ်ကိုအသုံးပြုကာ ဝင်ရောက်ဝယ်ယူနိုင်အောင်ပြုလုပ်ထားသည့်အပြင် မောင်းသူမဲ့ တက္ကစီများကို စီးနင်းသွားလာနိုင်စေရန်လည်း စမ်းသပ်ဆောင်ရွက်လျက်ရှိပြီဖြစ်သည်။ ၂ဝ၁၇ ခုနှစ် ဧပြီလတွင် တရုတ်နိုင်ငံအစိုးရက Xiongan မြို့သစ်ကို တည်ဆောက်မည်ဟု တရားဝင်ကြေညာခဲ့သည်။ ၎င်းမှာ မကြာမီ ခေတ်မီနည်းပညာများနှင့် ဖွံ့ဖြိုးတိုးတက်လာမည့် မြို့တစ်မြို့ဖြစ်လာမည်ဟုသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.