Connect with us

Videos

တရုတ်နိုင်ငံထုတ် စစ်ဘက် အရပ်ဘက် အသုံးပြုနိုင်သည့် မောင်းသူမဲ့drone လေယာဉ်အောင်မြင်စွာစမ်းသပ်

ကျင်းဟိုင်၊ ဇွန်၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကျင်းဟိုင် တိဘက် လေယာဉ်ပြေးလမ်းကြောင်းတွင် တရုတ်နိုင်ငံထုတ် စစ်ဘက် အရပ်ဘက် နှစ်မျိုးအသုံးပြုနိုင်သည့် မောင်းသူမဲ့drone အမျိုးအစားလေယာဉ်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ ၎င်းလေယာဉ်မှာ မြေပြင် အထက် အမြင့်ပေ ၈၅ဝဝ မီတာအထိ ပျံသန်းနိုင်သည်။ စစ်ဘက်ဆိုင်ရာတွင်အသုံးပြုရုံသာမက မြေအနေအထားလေ့လာရေး လုပ်ငန်းများ၊ ပတ်ဝန်းကျင်လေ့လာရေးလုပ်ငန်းများ နှင့်ရေအောက်စူူးစမ်းလေ့လာခြင်းစသည့် အခြား လုပ်ငန်းများတွင်လည်း ကျယ်ပြန့်စွာအသုံးပြုနိုင်မည့်လေယာဉ်အမျိုးအစားဖြစ်သည်။ နောက်ဆုံးစမ်းသပ် စစ်ဆေးချက်များအရ ၎င်းလေယာဉ်သည်အန္တရာယ်များသည့်နေရာဒေသများသို့လည်း ကောင်းမွန်စွာ ပျံသန်းကာလေ့လာမှုများပြုလုပ်နိုင်ကြောင်းသိရသည်။ China Academy of Aerospace Aerodynamics က ထုတ်လုပ်သည့် ၎င်း လေယာဉ်များကို CH4 နှင့် CH5 ဟုအမည်များပေးထားပြီး မောင်းသူမဲ့လေယာဉ် အမျိုးအစား လည်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.