Connect with us

China

စည်းကမ်းကိုက်ညီမှုရှိသော လျှောက်ထားမှုများ စိစစ်ခွင့်ပြုရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အားဖြည့်ဆောင်ရွက်သွားမည်ဟု မြေရှားသတ္တုတင်ပို့မှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တုံ့ပြန်

ပေကျင်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ကမ္ဘာ့ ထောက်ပံ့ရေး ကွင်းဆက် တည်ငြိမ်ရေးနှင့် လုံခြုံရေးကို အစဉ်တစိုက် အထူးအလေးထားကာ မြေရှားသတ္တုနှင့် သက်ဆိုင်သော ပို့ကုန်လိုင်စင်လျှောက်ထားမှု စိစစ်ရေးအား ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စဉ်ဆက်မပြတ် အရှိန်မြှင့်ဆောင်ရွက်ခဲ့ရာ ဥပဒေနှင့်အညီ စည်းကမ်းကိုက်ညီမှုရှိသော လျှောက်ထားမှုများအား အတိုင်းအတာတစ်ခုအထိ ခွင့်ပြုခဲ့ပြီး စည်းကမ်းကိုက်ညီမှုရှိသော လျှောက်ထားမှုများ စိစစ်ခွင့်ပြုရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်းမှာ ဇွန် ၁၉ ရက်တွင် ကျင်းပခဲ့သော တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် မြေရှားသတ္တုတင်ပို့မှုနှင့် စပ်လျဉ်း၍ သတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာတွင် ၎င်းဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟယ်ရာ့တုန်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဟယ်ရာ့တုန်းက “တရုတ်နိုင်ငံအနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေနဲ့အတူ ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေကို တစ်ဆင့်တိုး အားဖြည့်လုပ်ဆောင်သွားပြီး အဆင်ပြေချောမွေ့သော စည်းကမ်းကိုက်ညီမှုရှိသည့် ကုန်သွယ်မှုကို တက်တက်ကြွကြွ တွန်းအားပေးလိုပါတယ် ” ဟု ပြောကြားခဲ့သည်။ (Xinhua)
………………
(Chinese Version)
商务部回应稀土出口相关问题:将持续加强合规申请审批工作
新华社北京6月19日电(记者潘洁、谢希瑶)中国一贯高度重视维护全球产供链稳定与安全,依法依规不断加快对稀土相关出口许可申请的审查,已经依法批准一定数量的合规申请,并将持续加强合规申请的审批工作。这是商务部新闻发言人何亚东在19日举行的商务部例行新闻发布会上回应有关稀土出口的记者提问时表示的。
何亚东说:“中方愿就此进一步加强与相关国家的出口管制沟通对话,积极促进便利合规贸易。”(完)