China
ဖိလစ်ပိုင်တွင် တိုင်ဖုန်းမုန်တိုင်း အကြိမ်များစွာ တိုက်ခတ်ခဲ့ရာ ဖိလစ်ပိုင်အား ကူညီထောက်ပံ့ပေးပြီးဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောကြား
ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
မကြာမီကာလများက ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖုန်းမုန်တိုင်း အကြိမ်များစွာ တိုက်ခတ်ခဲ့ရာ လူသေဆုံးဒဏ်ရာရမှုနှင့် ဥစ္စာပစ္စည်းဆုံးရှုံးမှုများ အကြီးအကျယ်ဖြစ်ပွားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံထံသို့ ငွေသားနှင့် အရေးပေါ်ကူညီထောက်ပံ့ရေးပစ္စည်းများ ပံ့ပိုးပြီး ဖြစ်ကြောင်း၊ ကပ်ဘေးဒဏ်သင့် ဒေသခံလူထုအနေဖြင့် အခက်အခဲအကျပ်အတည်းများကို ဆောလျင်စွာ ကျော်လွှားကာ မိသားစုဥယျာဉ်ပြန်လည်တည်ဆောက်နိုင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က နိုဝင်ဘာ ၁၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းများကို ဖြေကြားစဉ် ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း၊ သေဆုံးသူနှင့် ပျောက်ဆုံးသူများရဲ့ မိသားစုဝင်တွေ၊ ဘေးဒဏ်သင့်ဒေသရှိပြည်သူတွေကို နှစ်သိမ့်အားပေးကြောင်း ပြောကြားပါရစေ” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။
လူသားချင်းစာနာထောက်ထားမှုနှင့် ဖိလစ်ပိုင်ပြည်သူများအပေါ် ချစ်ကြည်ရင်းနှီးမှုကြောင့် တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံထံသို့ ငွေသားနှင့် အရေးပေါ်ကူညီထောက်ပံ့ရေးပစ္စည်းများ ပံ့ပိုးပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံ သက်ဆိုင်ရာဒေသပြည်နယ်များကလည်း ချစ်ကြည်ရေးပြည်နယ်လမ်းကြောင်းမှတစ်ဆင့် ဖိလစ်ပိုင်ကပ်ဘေးသင့်ဒေသသို့ အကူအညီများပံ့ပိုးပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။
“ကပ်ဘေးဒဏ်သင့် ဒေသခံလူထုအနေနဲ့ အခက်အခဲ အကျပ်အတည်းတွေကို ဆောလျင်စွာ ကျော်လွှားကာ မိသားစုဥယျာဉ် ပြန်လည်တည်ဆောက်နိုင်ပါစေလို့ ကျွန်တော်တို့ဆုတောင်းပါတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)


———————–
(Chinese Version)
菲律宾受多轮台风袭击 外交部:已向菲方提供援助
新华社北京11月11日电(记者董雪、刘杨)近期菲律宾受到多轮台风袭击,造成重大人员伤亡和财产损失。外交部发言人林剑11月11日在例行记者会上答问时表示,中方已向菲方提供现汇和紧急物资援助,祝愿当地受灾民众早日克服困难,重建家园。
“我们对遇难者表示哀悼,向遇难者和失踪者家属、向灾区人民表示慰问。”林剑表示,出于人道主义和对菲律宾人民的友好情谊,中方已向菲方提供现汇和紧急物资援助,中国有关地方省份也正通过友省渠道向菲受灾地区提供帮助。“我们祝愿当地受灾民众早日克服困难,重建家园。”(完)
1. 这是11月6日在菲律宾宿务省航拍的受灾现场。新华社发(菲律宾红十字会供图)
