China
ထိုင်ဝမ်အရေး၏ အလွန် ထိလွယ်ရှလွယ်ဖြစ်မှုကို အမေရိကန်အနေဖြင့် ရှင်းလင်းစွာ သိရှိရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း
ပေကျင်း၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)
အမေရိကန်သက်ဆိုင်ရာ မီဒီယာများက ထိုင်ဝမ်လက်ရှိအာဏာပိုင်အကြီးအကဲ၏ “ထိုင်ဝမ်ခွဲထွက်ရေး” မှားယွင်းသည့်အဆိုများကို ဖြန့်ဝေရန် ပလက်ဖောင်း ပံ့ပိုးပေးနေခြင်းနှင့်စပ်လျဉ်း၍ ယင်းအပေါ် တရုတ်နိုင်ငံဘက်က ပြတ်ပြတ်သားသားကန့်ကွက်ကြောင်း၊ ထိုင်ဝမ်အရေး၏ အလွန် ထိလွယ်ရှလွယ်ဖြစ်မှုကို အမေရိကန်အနေဖြင့် ရှင်းလင်းစွာ သိရှိရန်၊ အမေရိကန်နိုင်ငံအကြီးအကဲ၏ ကတိကဝတ်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
ယင်းနေ့တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက မကြာမီရက်ပိုင်းတွင် လိုက်ချင်းသဲသည် ကြိုတင်ရိုက်ကူးထားသည့်ဗီဒီယိုပုံစံဖြင့် နယူးယောက်တိုင်းမ်သတင်းစာ၏ သက်ဆိုင်ရာအစီအစဉ်များတွင်ပါဝင်ပြီး ထိုင်ဝမ်ရေလက်ကြားအရေးနှင့်ပတ်သက်၍ စည်းမဲ့ဘောင်မဲ့ ပြောကြားခဲ့သည်ဟု သတင်းများအရ သိရကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု မေးမြန်းခဲ့သည်။
လျင်ကျန့်က အမေရိကန်သက်ဆိုင်ရာ မီဒီယာများက ထိုင်ဝမ်လက်ရှိအာဏာပိုင်အကြီးအကဲ၏ “ထိုင်ဝမ်ခွဲထွက်ရေး” မှားယွင်းသည့်အဆိုများကို ဖြန့်ဝေရန် ပလက်ဖောင်း ပံ့ပိုးပေးနေခြင်းသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် သုံးရပ်ကို ပြင်းထန်စွာ ချိုးဖောက်ကာ “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစုများကို ဆိုးရွားစွာမှားယွင်းသည့် သတင်းစကားပါးခြင်းဖြစ်ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။
လိုက်ချင်းသဲ၏ သက်ဆိုင်ရာ ပြောဆိုပြုမူမှုများသည် ၎င်း၏ခေါင်းမာသော ထိုင်ဝမ်ခွဲထွက်ရေးသမားစရိုက်နှင့် “အမေရိကန်အားကိုး၍ ထိုင်ဝမ်ခွဲထွက်ရေးကြိုးပမ်းခြင်း” ဟူသော သိမ်ဖျင်းသည့်အကြံအစည်များကို ထပ်မံပေါ်လွင်စေသလို ၎င်းသည် “ငြိမ်းချမ်းရေး ဖျက်ဆီးသူ”၊ “ပြဿနာဖန်တီးသူ” ဖြစ်သည်ကို ထပ်မံသက်သေပြနေကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
“ထိုင်ဝမ်အရေးရဲ့ အလွန် ထိလွယ်ရှလွယ်ဖြစ်မှုကို အမေရိကန်အနေနဲ့ ရှင်းလင်းစွာ သိရှိရန်၊ အမေရိကန်နိုင်ငံအကြီးအကဲ ပြုထားတဲ့ ကတိကဝတ်ကို လက်တွေ့ဖော်ဆောင်ရန် ကျွန်တော်တို့ တိုက်တွန်းလိုက်ပါတယ်။ လိုက်ချင်းသဲ ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ်၊ ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမယ်ကြံ ခါးကမသန်ချည်းသာဖြစ်ရာ မုချမသွေရှုံးနိမ့်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
外交部:敦促美方认清台湾问题的高度敏感性
新华社北京12月5日电(记者邵艺博、孙楠)就美方有关媒体为台湾当局领导人散布“台独”分裂谬论提供平台,外交部发言人林剑5日表示,中方对此坚决反对,敦促美方认清台湾问题的高度敏感性,将美国领导人所作承诺落到实处。 当日例行记者会上,有记者问:据报道,赖清德日前以预录制视频形式参加《纽约时报》相关活动并就台海局势大放厥词。中方对此有何评论?
林剑表示,美方有关媒体为台湾当局领导人散布“台独”分裂谬论提供平台,严重违反一个中国原则和中美三个联合公报,向“台独”分裂势力发出严重错误信号。中方对此坚决反对。
林剑说,赖清德有关言行再次暴露其顽固“台独”分子本质和“倚美谋独”险恶图谋,再次证明他是“和平破坏者”“麻烦制造者”。“我们敦促美方认清台湾问题的高度敏感性,将美国领导人所作承诺落到实处。无论赖清德说什么、做什么,都是螳臂当车,注定失败。”(完)
