WORLD
ကမ္ဘာတစ်ဝန်း COVID-19 ရောဂါကြောင့် သေဆုံးသူ ၃၀၀,၀၀၀ ကျော်နှင့် ရောဂါဖြစ်ပွားသူ ၄.၄ သန်းကျော်အထိ ရှိလာ
နယူးယောက်၊ မေ ၁၅ ရက် (ဆင်ဟွာ)
ကမ္ဘာတစ်ဝန်းတွင် COVID-19 ရောဂါကြောင့် သေဆုံးသူအရေအတွက်သည် မေ ၁၄ ရက် မွန်းလွဲ ၁:၃၈ နာရီ၌ ၃၀၀,၀၇၄ ဦးအထိ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာဌာန (CSSE) အရ သိရသည်။
ထို့ပြင် ကမ္ဘာအနှံ့ COVID-19 ရောဂါဖြစ်ပွားသူ စုစုပေါင်း ၄,၄၀၅,၆၈၈ ဦးအထိ မြင့်တက်လာခဲ့ကြောင်း CSSE က ဖော်ပြထားသည်။
၎င်းတို့အနက် အမေရိကန်နိုင်ငံက COVID-19 ရောဖြစ်ပွားမှုနှင့် သေဆုံးမှု အများဆုံးဖြစ်ပြီး အရေအတွက်အားဖြင့် ၁,၄၀၀,၅၀၀ ဦးနှင့် ၈၅,၀၆၆ ဦး အသီးသီးရှိခဲ့သည်။ သေဆုံးသူအရေအတွက် ၂၀,၀၀၀ ကျော်ရှိသည့်နိုင်ငံများမှာ ဗြိတိန်၊ အီတလီ၊ စပိန်နှင့် ပြင်သစ် နိုင်ငံများ အပါအဝင် ဖြစ်သည်။ ရောဂါဖြစ်ပွားသူ အရေအတွက် ၂၀၀,၀၀၀ ကျော်ရှိသည့်နိုင်ငံများမှာ ရုရှား၊ ဗြိတိန်၊ စပိန်နှင့် အီတလီ နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။ (Xinhua)