Connect with us

WORLD

တရုတ်နိုင်ငံမှ အိုင်ဗရီကို့စ်နိုင်ငံသို့ ကူညီလှူဒါန်းသော ဒုတိယအသုတ် ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံမှ အိုင်ဗရီကို့စ်နိုင်ငံသို့ ကူညီလှူဒါန်းသော ဒုတိယအသုတ် ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းများ မေ ၁၃ ရက်က အဘိဂျန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အဘိဂျန်၊ မေ ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ အိုင်ဗရီကို့စ်နိုင်ငံသို့ ကူညီလှူဒါန်းသော ဒုတိယအသုတ် ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းများသည် မေ ၁၃ ရက်က အိုင်ဗရီကို့စ်နိုင်ငံ စီးပွားရေးမြို့တော် အဘိဂျန်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းများကို အိုင်ဗရီကို့စ်နိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ အိုင်ဗရီကို့စ်နိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနသို့ မေ ၁၃ ရက်နေ့မှာပင် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံမှ အိုင်ဗရီကို့စ်နိုင်ငံသို့ ကူညီလှူဒါန်းသော ဒုတိယအသုတ် ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းများ မေ ၁၃ ရက်က အဘိဂျန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်ကို တွေ့ရစဉ်  (ဆင်ဟွာ)

တရုတ်နိုင်ငံမှ အိုင်ဗရီကို့စ်နိုင်ငံသို့ ကူညီလှူဒါန်းသော ဒုတိယအသုတ် ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းများ မေ ၁၃ ရက်က အဘိဂျန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်ကို တွေ့ရစဉ်  (ဆင်ဟွာ)

 တရုတ်နိုင်ငံမှ အိုင်ဗရီကို့စ်နိုင်ငံသို့ ကူညီလှူဒါန်းသော ဒုတိယအသုတ် ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းများ မေ ၁၃ ရက်က လွှဲပြောင်းပေးအပ်နေသည်ကိုတွေ့ရစဉ်  (ဆင်ဟွာ)

အိုင်ဗရီကို့စ်နိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဂျိုးဇက်စ်က ရောဂါတိုက်ဖျက်ရေး အရေးကြီးအချိန်အခါတွင် တရုတ်နိုင်ငံ၏နွေးထွေးစွာလက်ကမ်းကူညီမှုကို ကျေးဇူးတင်ရှိကြောင်း ၊ တရုတ်နိုင်ငံနှင့်နိုင်ငံတကာအသိုက်အဝန်း၏ ခိုင်မာသောအာပေးကူညီမူများကြောင့် ကပ်ရောဂါကို အနိုင်တိုက်ဖျက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အိုင်ဗရီကို့စ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဝမ်လီကလည်း ယခုထောက်ပံ့ရေးပစ္စည်းများမှာ ရောဂါတိုက်ဖျက်ရေးကို တိုးမြှင့်ဆောင်ရွက်ရာတွင် အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်သည် လူသားအားလုံးရင်ဆိုင်နေရသည့်ဘုံရန်သူဖြစ်ကြောင်း၊ ကပ်ရောဂါဖြစ်ပွားသည့်အချိန်မှစ၍ တရုတ်-အိုင်ဗရီကို့စ် နှစ်နိုင်ငံသည် ပခုံးချင်းယှဉ်၍ ကပ်ရောဂါကို အတူတိုက်ဖျက်လျက်ရှိရာ အစဉ်အလာချစ်ကြည်ရေးအဆက်မပြတ်နက်ရှိုင်းလျက်ရှိသလို ကမ္ဘာ့နိုင်ငံအသီးသီးအတွက် အတူလက်တွဲ၍ ကပ်ရောဂါ တိုက်ဖျက်သည့် စံနမူနာလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။  (Xinhua)