Connect with us

MYANMAR

ရခိုင်ပြည်နယ်တစ်ခုလုံး Stay at Homeနေထိုင်ရန် ထုတ်ပြန်

Stay at Home သတ်မှတ်ပြီး စစ်တွေမြို့မဈေးအားတွေ့ရစဉ်(ဓာတ်ပုံ-MRTV)

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ရန်အတွက် ရခိုင်ပြည်နယ်တစ်ခုလုံး Stay at Home နေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့(သြဂုတ် ၂၆ ရက်) တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တစ်ခုလုံးရှိ ပြည်သူများသည် သြဂုတ် ၂၇ ရက် နံနက် ၈နာရီမှစတင်ပြီး မိမိနေအိမ်တွင်နေထိုင်ရေး  (Stay at Home)အစီစဉ်စတင် အကျုံးဝင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အဆိုပါ ရခိုင်ပြည်နယ်အတွင်း ရက်ပိုင်းအတွင်း COVID-19 ရောဂါကူးခံရသူ သြဂုတ် ၂၆ ရက် ည ၈ နာရီအထိ ၁၇၉ ဦးထိရှိလာပြီး မြန်မာတစ်နိုင်ငံအတိုင်းအတာအရ ကူးစက်ခံရသူ ၅၈၀ ဦးထိရှိလာကြောင်း သိရသည်။

Stay at Home သတ်မှတ်ပြီး စစ်တွေမြို့မဈေးအားတွေ့ရစဉ်(ဓာတ်ပုံ-MRTV)

 COVID-19 ရောဂါပိုးကူးစက်မှု တစ်ကျော့ပြန်ဖြစ်လာသော ရခိုင်ပြည်နယ်  စစ်တွေမြို့ကို သြဂုတ် ၂၀ ရက် ည ၈နာရီမှစ၍ Stay at Home နေထိုင်ရန်ထုတ်ပြန်ပြီးနောက် သြဂုတ် ၂၅ ရက်တွင် ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နှင့် သံတွဲမြို့နယ်များအား Stay at Homeနေထိုင်ရန် ထုတ်ပြန်ပြီး တစ်ရက်အကြာ ရခိုင်တစ်ပြည်နယ်လုံးအား Stay at Home နေထိုင်ရန် ထပ်မံထုတ်ပြန်ခဲ့သည်။

ယင်း နေအိမ်တွင်နေထိုင်ရေး(stay at home) အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများသည် မိမိအိမ်တွင်နေထိုင်ရန်(အစိုးရဌာန၊အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန် ထမ်းဆောင်သူများမပါ)၊ မဖြစ်မနေဈေးဝယ်လျှင် တစ်အိမ်တစ်ဦးသာ သွားလာရန်၊ ဆေးရုံ၊ဆေးခန်းသွားရောက်လျှင် တစ်အိမ်နှစ်ဦးသာသွားရန်၊နေအိမ်မှ အိမ်အပြင်ထွက်လျှင် နှာခေါင်းစည်းများတပ်ဆင်ရန်၊ တာဝန်ထမ်းဆောင်ရန်သွားရောက်/ပြန်ရောက်မည့် ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းသွားလာခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန်ဖြတ်သန်းခွင့်ပြုရန်နှင့် ရပ်ကွက်အတွင်း ဈေးဝယ်ထွက်လျှင် ယာဉ်ပေါ် ယာဉ်မောင်းအပြင် တစ်ဦးနှင့် ဆေးရုံ၊ ဆေးခန်းသွားလျှင် ယာဉ်မောင်းအပြင် နှစ်ဦးသာ သွားရောက်ရန် စသည့် စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။

Stay at Home သတ်မှတ်ပြီး စစ်တွေမြို့မဈေးအားတွေ့ရစဉ်(ဓာတ်ပုံ-MRTV)

အရေးပေါ်ကိစ္စများ သွားလာရန်၊ မဖြစ်မနေဈေးဝယ်လျှင် တစ်အိမ်တစ်ဦးသာ သွားလာရန်၊ ဆေးရုံ၊ဆေးခန်းသွားရောက်လျှင် တစ်အိမ်နှစ်ဦးသာသွားရန်၊ရပ်ကွက်အတွင်း ဈေးဝယ်ထွက်လျှင် ယာဉ်ပေါ် ယာဉ်မောင်းအပြင် တစ်ဦးနှင့် ဆေးရုံ၊ ဆေးခန်းသွားလျှင် ယာဉ်မောင်းအပြင် နှစ်ဦးသာ သွားရောက်ရန် စသည့်အချက်လေးချက်တွင် သတ်မှတ်ဦးရေထက်ပိုလျှင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးသို့အကြောင်းကြား သွားလာရမည်ဖြစ်ကြောင်း သိရသည်။ထို့ စည်းမျဉ်းများအား လိုက်နာဆောင်ရွက်မှုမရှိလျှင် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။( Xinhua)