Connect with us

MYANMAR

COVID-19 ရောဂါ လူနာသစ် (၁၆) ဦး ထပ်မံတွေ့ရှိ၊  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၆၀၂) ဦးရှိလာ

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများတပ်ဆင် သွားလာစဉ်(ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၂၇ ရက်) ည ၈ နာရီတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆) ဦး ထပ်မံတွေ့ရှိရာ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၆၀၂) ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆) ဦး သည် ရခိုင်ပြည်နယ် စစ်တွေမြို့မှ (၈)ဦး၊ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမှ (၁) ဦးမြောက်ဥက္ကလာပ (၂) ဦးနှင့် ရန်ကင်းမြို့နယ်မှ (၁)ဦး၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှ (၁)၊ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမှ (၁)ဦးနှင့် မွန်ပြည်နယ် ရေးမြို့(၁) ဦး နှင့် မော်လမြိုင်မှ (၁)ဦးတို့ဖြစ်ကြောင်း သိရသည်။

ယင်းရောဂါပိုးတွေ့ရှိသူများသည် အသွားအလာကန့်သတ်ထားသူများနှင့် စောင့်ကြည့်လူနာများဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် ယနေ့ ဓာတ်ခွဲ နမူနာ စုစုပေါင်း (၁,၃၅၅)ခု အား စစ်ဆေးခဲ့ရာ လူနာသစ် (၁၆) ဦး တွေ့ရှိခြင်းဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှု တွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၄)ဦး (Case- 362,363,368,369) ရှိသဖြင့် ယနေ့အထိရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၄၉) ဦး ရှိပြီး ၎င်းတို့အနက် (၃၃၉) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်း သိရသည်။  (Xinhua)