MYANMAR
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၈) ဦး ထပ်မံတွေ့ရှိ
ရန်ကုန် ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် စက်တင်ဘာ (၄)ရက် ည (၈)နာရီတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၈) ဦးအား တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ထို့ကြောင့်ယနေ့ည အထိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၁၇၁ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ COVID-19 အတည်ပြုလူနာ ၃၈ ဦး အနက် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် မှ ၈ ဦး၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မှ ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး မှ ၁၄ ဦး၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှ ၁ ဦး၊ ရခိုင်ပြည်နယ်မှ ၇ ဦးနှင့် နေပြည်တော်မှ ၇ ဦး ဖြစ်ကြောင်း သိရသည်။
အတည်ပြုလူနာသစ်များသည် ရခိုင်ပြည်နယ်သို့ ခရီးသွားရာဇဝင်ရှိသောကြောင့် ရန်ကုန်မြို့တွင် အသွားအလာကန့်သတ်ထားရှိသူ နှင့် Stay at Home သတ်မှတ်ထားသော မြို့နယ်များသို့ ခရီးသွားရာဇဝင်ရှိသဖြင့် ကျိုက်ထိုမြို့တွင် အသွားအလာကန့်သတ်ထားရှိသူတစ်ဦး ပါရှိကြောင်း သိရသည်။
ဓာတ်ခွဲအတည်ပြု လူနာဟောင်း များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှု တွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၃၅၉) ဦးရှိကြောင်း၊ ၎င်းတို့အနက် (၃၅၆) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၇)ဦး ရှိကြောင်း သိရသည်။ (Xinhua)