Connect with us

MYANMAR

COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၂ ဦး ထပ်မံစစ်ဆေးတွေ့ရှိ၊ အတည်ပြုလူနာ အမျိုးသမီးတစ်ဦး သေဆုံး

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများ တပ်ဆင်သွားလာစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၄ ရက်) နံနက်ပိုင်း၌ ဓာတ်ခွဲအတည်ပြုလူနာ ၂၂ဦး ထပ်မံစစ်ဆေးတွေ့ရှိပြီး COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာများထဲမှ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

စက်တင်ဘာလ ၃ ရက်နေ့အတွက် ဒုတိယအသုတ် ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၄၀၀ကျော်အား စစ်ဆေးရာ  ဓာတ်ခွဲအတည်ပြုလူနာ ၂၂ဦး ထပ်မံတွေ့ရှိပြီး COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၁၁,၃၃ဦးရှိလာကြောင်း သိရသည်။

အဆိုပါ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ များထဲမှ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် နေထိုင်သော  အသက် ၄၆နှစ်အရွယ်အမျိုးသမီးတစ်ဦးသည် စက်တင်ဘာ ၃ရက် ည ၁၀နာရီ ၃၀မိနစ်တွင်သေဆုံးခဲ့ကြောင်း၊  ယင်းအမျိုးသမီးသည် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိပြီး  အရေပြားလေးဖက်နာရောဂါအခံရှိသူ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case – 1023) ဖြစ်ကြောင်၊ ၎င်းသည် နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်စီးခြင်းနှင့် ရုတ်တရက် နှလုံးစည်းချက်မမှန်ဖြစ်ပြီး နှလုံးအမောဖောက်ခြင်းကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာများအနက် သေဆုံးသူ (၇)ဦးရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ယနေ့ထုတ်ပြန်သော ဓာတ်ခွဲအတည်ပြုလူနာ ၂၂ဦးသည် ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ လူနာများဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ကမာရွတ်မြို့နယ်တွင် ၄ ဦး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၃ ဦး၊တာမွေမြို့နယ် ၂ ဦး၊ မရမ်းကုန်းမြို့နယ် ၂ ဦး၊  စမ်းချောင်းမြို့နယ်တွင် ၂ ဦး၊ သာကေတမြို့နယ်တွင် ၁ ဦး၊ လှိုင်မြို့နယ်တွင် ၁ ဦး၊ ဗိုလ်တထောင်မြို့နယ်တွင် ၁ ဦး၊ ကျောက်တံတားမြို့နယ်တွင် ၁ ဦး၊ လမ်းမတော်မြို့နယ်တွင် ၁ ဦး၊ ရန်ကင်းမြို့နယ်တွင် ၁ ဦးနှင့်  ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၁ ဦး စုစုပေါင်း ၂၀ ဦးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် တာမွေမြို့နယ်မှ တစ်ဦးမှာ ပြည်ပနိုင်ငံမှပြန်လာလည်ရောက်ရှိလာသူဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးတွင်  အသွားအလာ ကန့်သတ်ထားသူဖြစ်ကြောင်း သိရသည်။

အလားတူ မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် ၁ဦးနှင့် ရခိုင်ပြည်နယ် အမ်းမြို့တွင် ၁ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)