MYANMAR
ယနေ့ညတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅၇) ဦး ထပ်မံတွေ့ရှိ၊ စုစုပေါင်းအတည်ပြုလူနာ ၂၄၂၂ ဦးရှိလာ
ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅၇) ဦးအား ယနေ့ညတွင် ထပ်မံတွေ့ရှိခဲ့ကြောင်း၊ စက်တင်ဘာ ၁၁ ရက် ည ၈ နာရီ အထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း၂,၄၂၂ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၁ ရက်နံနက် ၇ နာရီအထိ COVID-19 အတည်ပြုလူနာအများဆုံးတွေ့ရှိရာဒေသများအဖြစ် ရန်ကုန်တိုင်းဒေသကြီးတွင် အတည်ပြုလူနာ ၁၂၆၈ ဦးနှင့် ရခိုင်ပြည်နယ်တွင် ၆၉၀ ဦးရှိကြောင်းသိရသည်။
တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးတွင် သတ်မှတ်နေရာများ ၌ အသွားအလာကန့်သတ် ၍ စောင့်ကြပ်ကြည့်ရှု နေသူဦးရေမှာ စက်တင်ဘာလ (၉) ရက်နေ့ညနေ ၅ နာရီအထိ စုစုပေါင်း ၃၂၃၉၈ ဦးရှိကြောင်းသိရသည်။
ဓာတ်ခွဲအတည်ပြု လူနာဟောင်း များအနက် စုစုပေါင်း (၆၂၅) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၁၄)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ဖြစ်ပွားမှု များပြားလျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် ပေါ့ဆမှု (လုံးဝ) မရှိဘဲ ကာကွယ်ရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ သတိပေးနှိုးဆော်ထားသည်။ (Xinhua)