Connect with us

WORLD

တရုတ်နိုင်ငံမှ ပထမအသုတ် COVID-19 ကာကွယ်ဆေးများ မိုဇမ်ဘစ်နိုင်ငံ လက်ခံရရှိ

ပုံစာ- မိုဇမ်ဘစ်နိုင်ငံ မပ်ပုတူမြို့ရှိ Maputo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တရုတ်နိုင်ငံမှ လှူဒါန်းသော ကိုဗစ်ကာကွယ်ဆေးများ ရောက်ရှိလာစဉ်(ဆင်ဟွာ)

မပ်ပုတူ၊ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

အာဖရိကတိုက် မိုဇမ်ဘစ်နိုင်ငံတွင် COVID-19 ကပ်ရောဂါတိုက်ဖျက်ရန်အတွက် တရုတ်နိုင်ငံမှ လှူဒါန်းပေးအပ်သော ကိုဗစ်ကာကွယ်ဆေးများသည် မိုဇမ်ဘစ်နိုင်ငံသို့ ဖေဖော်ဝါရီ ၂၇ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း နှင့် ယင်းမှာ နိုင်ငံအတွက် COVID-19 ကာကွယ်ဆေး ပထမအသုတ် လက်ခံရရှိခြင်းလည်းဖြစ်ကြောင်း သိရသည်။

Maputo အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်သည့် အဆိုပါ ကာကွယ်ဆေးများ လက်ခံရယူခြင်းအခမ်းအနားတွင် မိုဇမ်ဘစ်နိုင်ငံဝန်ကြီးချုပ် Carlos Agostinho do Rosario က တရုတ်နိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေး စွမ်းဆောင်မှုအပေါ်ချီးကျူးစကားဆိုခဲ့ပြီး ချစ်ကြည်ရင်းနှီးမှုအတွက် ကာကွယ်ဆေးများ ထောက်ပံ့ခြင်းအပေါ် တရုတ်ပြည်သူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တရုတ် နှင့် မိုဇမ်ဘစ် နှစ်နိုင်ငံစလုံး၏ အစိုးရများသည် ပြည်သူများ၏ ကျန်းမာရေးအတွက် အာမခံချက်ထားရှိခဲ့ရာ “COVID-19 တိုက်ဖျက်ရေး ကာကွယ်ဆေးများ လျင်မြန်စွာ ရရှိမှုသည် ယင်း၏ ကတိကဝတ်နှင့်ဆုံးဖြတ်ချက်ကို ရောင်ပြန်ဟပ်စေကြောင်း ” ထည့်သွင်းပြောကြားခဲ့သည်။

၎င်းက ကာကွယ်ဆေးထိုးနှံမှုကို ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ရောဂါကူးစက်နိုင်ချေမြင့်မားသော အုပ်စုဝင်များကို ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း နှင့် အသေးစိတ်အစီအစဉ်များကို ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်ဝေမျှသွားမည်ဖြစ်ကြောင်းဆိုသည်။

COVID-19 ကပ်ရောဂါသည် “ လူသားမျိုးနွယ်တစ်ခုလုံး၏ ဘုံရန်သူဖြစ်ကြောင်း” မိုဇမ်ဘစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Hejunက ပြောကြားခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရန် ကာကွယ်ဆေးသည် အစွမ်းထက်လက်နက်တစ်ခုပင်ဖြစ်ကြောင်း နှင့် မိုဇမ်ဘစ်နိုင်ငံသည် အာဖရိကတိုက်တွင် ကာကွယ်ဆေးအစောဆုံး စတင်ရရှိသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း သိရသည်။(Xinhua)
———————————————–
(English Version)

Mozambique receives its first batch of COVID-19 vaccines from China

MAPUTO, Feb. 28 (Xinhua) — A batch of COVID-19 vaccines donated by China arrived here on Wednesday to help the African country fight against the COVID-19 pandemic, and it was also the first batch of COVID-19 vaccines received by the country.

Speaking after a delivery ceremony at the airport, Mozambican Prime Minister Carlos Agostinho do Rosario praised China’s role in fighting the pandemic and thanked the Chinese people for the friendship, adding that “the rapid availability of vaccines against COVID-19 reflects the commitment and determination” of both the Chinese and Mozambican governments in guaranteeing people’s well-being.

According to him, the vaccination plan will prioritize high-risk groups including health professionals, and more details will be shared in due course by the Ministry of Health.
Calling the COVID-19 pandemic “the common enemy of humanity,” Chinese Ambassador to Mozambique Wang Hejun said the vaccine is a powerful weapon to fight the coronavirus and that Mozambique is among the first countries in Africa where the vaccines are made available
Photo taken on Feb. 24, 2021 shows the COVID-19 vaccines donated by China at the Maputo International Airport in Maputo, Mozambique. (Photo by Israel Zefanias/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.