Connect with us

WORLD

မွန်ဂိုလီးယားနိုင်ငံတွင် လူဦးရေသန်းဝက်ခန့် COVID-19ကာကွယ်ဆေးထိုးနှံပြီးဖြစ်

၂၀၂၀ပြည့်နှစ် ဇွန် ၆ ရက် ဦလန်ဘာတာရှိ စာအုပ်ပွဲတော်တစ်ခုတွင် စာဖတ်သူများ စာအုပ်ရွေးချယ်နေကြစဉ် (Photo by Garid/Xinhua)

ဦလန်ဘာတာ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

မွန်ဂိုလီးယားနိုင်ငံတွင် လူပေါင်း ၅၂၉,၉၁၁ ဦးကို COVID-19 ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မွန်ဂိုလီးယားနိုင်ငံ ကျန်မာရေးဝန်ကြီးက ဧပြီ ၈ ရက်တွင်ပြောသည်။

မွန်ဂိုလီးယားနိုင်ငံသည် နိုင်ငံအတွင်းရှိ လူဦးရေ ၃.၃ သန်း အနက် အရွယ်ရောက်ပြီးသူ အနည်းဆုံး ၆၀ ရာခိုင်နှုန်း အား ကာကွယ်ဆေးထိုးနှံရန်ရည်ရွယ်ချက်ဖြင့် ဖေဖော်ဝါရီ ၂၃ ရက်မှ စတင်ကာ နိုင်ငံတဝန်း COVID-19 ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“COVID-19 ရောဂါ ထိန်းချုပ်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဇူလိုင် ၁ရက်နေ့မှာ အရွယ်ရောက်ပြီးသူတိုင်း ကာကွယ်ဆေးထိုးနှံပေးနိုင်အောင် လုပ်ဆောင်နေပါတယ်’’ ဟု ဝန်ကြီးက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ယခုအချိန်အထိ မွန်ဂိုလီးယားနိုင်ငံတွင် COVID-19 ကူးစက်ခံရသူပေါင်း ၁၂,၇၈၀ ဦးရှိပြီး၊ ၂၂ ဦးသေဆုံးခဲ့ကြောင်းသိရသည်။ အတည်ပြုလူနာအများစုကို မြို့တော်ဦလန်ဘာတာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကြာသေးမီရက်များအတွင်း နိုင်ငံတွင် နေ့စဉ် COVID-19 အတည်ပြုလူနာ ၅၀၀ ကျော် တွေ့ရှိခဲ့ရာ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ခန့်နေထိုင်သည့် ဦလန်ဘာတာမြို့တွင်အများဆုံး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)
————————————
(English Version)
Over half a million vaccinated in Mongolia against COVID-19
ULAN BATOR, April 8 (Xinhua) — A total of 529,911 people have been vaccinated in Mongolia against COVID-19, the country’s health ministry said Thursday.
Mongolia launched a COVID-19 vaccination campaign across the country on Feb. 23, with the aim of vaccinating at least 60 percent of its 3.3 million adult population in the country.
“We are working to vaccinate all adults in the country against the virus by July 1 as part of the efforts to curb COVID-19 infections,” the ministry said in a statement.
So far, Mongolia has registered 12,780 COVID-19 cases, with 22 related deaths. Most of the confirmed cases were detected in the country’s capital Ulan Bator.
In recent days, more than 500 COVID-19 infections have been reported on a daily basis in the country, mostly in Ulan Bator, which is home to over half of the country’s total population. Enditem

Photo- Readers select books at a book festival in Ulan Bator, Mongolia, on June 6, 2020. (Photo by Garid/Xinhua)