Connect with us

ASEAN

မွန်ဂိုလီးယားနိုင်ငံ၌ COVID-19 တိုက်ဖျက်ရေး ကာကွယ်ဆေးထိုးနှံပြီးသူ ၁ သန်းထိ ရှိလာ

မွန်ဂိုလီးယားနိုင်ငံ ဦလန်ဘာတာမြို့ရှိ စာသင်ကျောင်းတစ်တစ်ခုတွင် ပညာသင်ကြားနေသော ကျောင်းသား/သူများအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလက တွေ့ရစဉ်(ဆင်ဟွာ)

ဦလန်ဘာတာ ၊ မေ ၄ ရက်(ဆင်ဟွာ)

မွန်ဂိုလီးယားနိုင်ငံ၌ COVID-19 တိုက်ဖျက်ရေးအတွက် ကာကွယ်ဆေးထိုးနှံပြီးသော ပြည်သူဦးရေမှာ မေ ၃ ရက် နေ့လည်ပိုင်းတွင် ၁ သန်းအထိ ရောက်ရှိလာခဲ့ကြောင်း မွန်ဂိုလီးယားနိုင်ငံ အစိုးရသတင်းထုတ်ပြန်ရေးရုံးမှ သိရသည်။

“ကိုဗစ်ကင်းစင် နွေရာသီတစ်ခွင်ဖြစ်ဖို့ ကာကွယ်ဆေးကို ထိုးကြစို့”ဟူသော ဆောင်ပုဒ်ဖြင့် မွန်ဂိုလီးယားနိုင်ငံသည် လူဦးရေ ၃ ဒသမ ၃ သန်းအနက် အနည်းဆုံး ၆၀ ရာခိုင်နှုန်းကို လွှမ်းခြုံရန် ရည်ရွယ်ချက်နှင့်အတူ ဖေဖော်ဝါရီလနှောင်းပိုင်းတွင် COVID-19 တိုက်ဖျက်ရေးအတွက် တစ်နိုင်ငံလုံး ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှု စတင်ခဲ့ကြောင်း သိရသည်။

မေ ၃ ရက်အထိ မွန်ဂိုလီးယားနိုင်ငံ၌ COVID-19 ရောဂါ လူနာ ၃၉,၃၈၁ ဦး နှင့် သေဆုံးသူ ၁၂၈ ဦး ရှိကြောင်း သိရသည်။မွန်ဂိုလီးယားနိုင်ငံ၌ နေ့စဉ် COVID-19 ရောဂါဖြစ်ပွားသူ လူနာသစ်အရေအတွက်မှာ ဧပြီလအစပိုင်းကတည်းက သိသိသာသာမြင့်တက်ခဲ့သည်။ နိုင်ငံအတွင်း COVID-19 ရောဂါသည် ဆက်လက်မြင့်တက်နေပြီး တစ်ရက်လျှင် လူနာ ၁,၀၀၀ ဝန်းကျင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၊ အများစုမှာ နိုင်ငံ စုစုပေါင်း လူဦးရေ၏ တစ်ဝက်ကျော် ရှိသည့် မြို့တော် ဦအန်ဘာတာမှ ဖြစ်ကြောင်း သိရသည်။မွန်ဂိုလီးယားနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် မတ်လတွင် ပထမဆုံး ပြည်ပမှ ဝင်ရောက်လာသူထံမှ COVID-19 ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပြီး နိုဝင်ဘာလတွင် ပထမဆုံး ပြည်တွင်း ကူးစက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)
—————————————
(English Version)
1 mln people in Mongolia vaccinated against COVID-19
ULAN BATOR, May 3 (Xinhua) — The number of people vaccinated against COVID-19 in Mongolia reached 1 million on Monday afternoon, according to the Mongolian government’s press office.
Under the motto “For summer without COVID-19, let’s get vaccinated,” Mongolia launched a national vaccination campaign against COVID-19 in late February with an aim to cover at least 60 percent of its 3.3 million population.
As of Monday, Mongolia has confirmed 39,381 COVID-19 cases, with 128 related deaths.
The number of daily new COVID-19 cases in Mongolia has risen sharply since the beginning of April. The COVID-19 surge continues, and around 1,000 cases have been reported per day in the country, mostly in the capital Ulan Bator, which is home to over half of the country’s total population.
The Asian country reported its first imported COVID-19 case in March 2020 and confirmed its first locally transmitted cases in November last year. Enditem