Connect with us

Asia

မွန်ဂိုးလီးယားနိုင်ငံ၏ နေရာအနှံ့အပြားတွင် လေပြင်းတိုက်ခတ်ခြင်း၊ သဲမုန်တိုင်းနှင့် နှင်းမုန်တိုင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားလျက်ရှိ

မွန်ဂိုးလီးယားနိုင်ငံ ဦလန်ဘာတာမြို့၏ မြို့စွန် နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ဦလန်ဘာတာ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

မွန်ဂိုးလီးယားနိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် သဲမုန်တိုင်းတိုက်ခြင်း များဖြစ်ပွားလျက်ရှိကြောင်း၊ လေတိုက်နှုန်းမှာ တစ်စက္ကန့်လျှင် ၁၅ မီတာမှ ၂၄ မီတာကြားရှိကြောင်း မိုးလေဝသနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်လေ့လာရေး အမျိုးသားအေဂျင်စီက ဧပြီ ၂၄ ရက်တွင်ပြောသည်။

ထို့အပြင် နိုင်ငံ၏ အနောက်ပိုင်းနှင့် မြောက်ပိုင်းတို့တွင်လည်း လေပြင်းတိုက်ခတ်ခြင်းနှင့် နှင်းမုန်တိုင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားလျက်ရှိကြောင်း ရာသီဥတုစောင့်ကြည့်လေ့လာရေးအေဂျင်စီက ဖြည့်စွက်ပြောကြားသည်။

ရာသီဥတုဆိုးရွားမှုများသည် နိုင်ငံ၏ နေရာအနှံ့အပြား၌ ဧပြီလကုန်အထိ ဆက်လက်ဖြစ်ပွားနိုင်သည်ဟု ခန့်မှန်းရကြောင်း ၎င်းအေဂျင်စီမှ သိရသည်။

မွန်ဂိုးလီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် လှည့်လည်သွားလာနေထိုင်သူ အများဆုံးရှိသောနိုင်ငံများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ရာသီဥတု ၄ ခုရှိကြောင်း သိရသည်။ နွေဦးရာတွင် လေပြင်းများတိုက်ခတ်ခြင်း၊ သဲမုန်တိုင်းနှင့် နှင်မုန်တိုင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

နိုင်ငံ၏ နေရာအနှံ့၌ မတ်လလယ်တွင် ဖြစ်ပွားခဲ့သော ပြင်းထန်သည့် သဲမုန်တိုင်းများနှင့် နှင်းမုန်တိုင်းများ တိုက်ခတ်မှုကြောင့် လူ ၁၀ ဦးသေဆုံးခဲ့ပြီး ၎င်းတို့အနက် အများစုမှာ လှည့်လည်သွားလာနေထိုင်သည့် တိရစ္ဆာန်ထိန်းကျောင်းသူများဖြစ်ကြကြောင်း သိရသည်။ (Xinhua)
———————————–
(English Version)
Strong winds, dust, snow storms hit large parts of Mongolia
ULAN BATOR, April 24 (Xinhua) — Strong winds and dust storms are now hitting southern and central parts of Mongolia, and wind speed is reaching 15-24 meters per second, the country’s National Agency for Meteorology and Environmental Monitoring said Saturday.
In addition, strong winds and snow storms are hitting western and northern parts of the country, the weather monitoring agency said.
The inclement weather is expected to continue across large parts of the country until the end of this month, according to the agency.
Mongolia, one of the largest nomadic countries in the world, has four seasons. Strong winds, dust and snow storms are common in spring.
Ten people, mostly nomadic herders, lost their lives due to heavy dust and snow storms that swept through large parts of the country in mid-March. Enditem
Photo- hoto taken on June 16, 2019 shows the view of the outskirts of Ulan Bator, Mongolia. (Xinhua/Liu Lei)