Connect with us

WORLD

ကိုဗစ်ပျောက်ကင်းလူနာ သုံးပုံတစ်ပုံတွင် အာရုံကြောနှင့်စိတ်ပိုင်းဆိုင်ရာရောဂါတွေ့ရှိရဟု ဗြိတိန် သုတေသန ဆို

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် လူနာတစ်ဦးအား ပို့ဆောင်ပေးနေသည်ကို ဇန်နဝါရီ ၁ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၈ ရက်(ဆင်ဟွာ)

ကိုဗစ်ပျောက်ကင်းလူနာ သုံးပုံတစ်ပုံခန့်သည် ရောဂါသက်သာပျောက်ကင်းပြီးနောက် (၆)လအတွင်း အာရုံကြော သို့မဟုတ် စိတ်ပိုင်းဆိုင်ရာရောဂါဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း ဗြိတိန်၏နောက်ဆုံးသုတေသနတစ်ခုတွင် ဖော်ပြထားသည်။

ကိုဗစ်လူနာ (၂၃၆,၀၀၀)ကျော်၏ ဆေးမှတ်တမ်းများကို သုတေသီများက လေ့လာစမ်းစစ်ကြည့်ရာတွင် လူနာ (၃၄)ရာခိုင်နှုန်းသည် ရောဂါသက်သာပျောက်ကင်းပြီး (၆)လအတွင်း အာရုံကြော သို့မဟုတ် စိတ်ပိုင်းဆိုင်ရာရောဂါ ဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း သိရသည်။ ၎င်းလူနာအများစုမှာ အမေရိကန်မှဖြစ်ကြောင်း ဆိုသည်။
 
အဆိုပါသုတေသနရလဒ်ကို နောက်ဆုံးထုတ်ဝေသည့် ဗြိတိန်The Lancet Psychiatryဂျာနယ်တွင် ဖော်ပြထားသည်။ ကိုဗစ်ပျောက်ကင်းလူနာများတွင် တွေ့ရအများဆုံးသော ရောဂါလက္ခဏာများမှာ စိုးရိမ်ပူပန်ခြင်းနှင့် စိတ်အတက်အကျမြန်ခြင်းတို့ဖြစ်ပြီး စိုးရိမ်ပူသည့်လက္ခဏာဖြစ်တတ်သူ (၁၇)ရာခိုင်နှုန်း၊ စိတ်အတက်အကျမြန်သည့်လက္ခဏာဖြစ်သူ (၁၄)ရာခိုင်နှုန်းရှိကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။ သို့သော် ဤရောဂါလက္ခဏာသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့်ဆက်စပ်မှု ရှိမရှိ လတ်တလော အတိအကျမပြောနိုင်သေးကြောင်း ဆိုသည်။

ကိုဗစ်ပျောက်ကင်းသူများတွင် လေဖြတ်ခြင်း၊မှတ်ဉာဏ်ချွတ်ယွင်းခြင်းစသည့် အာရုံကြောဆိုင်ရာရောဂါတွေ့ရှိရမှုက နှိုင်းယှဉ်ကြည့်လျှင် နည်းသည်ဟု ဆိုသော်လည်း ရောဂါပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး ပြန်လည်ကောင်းမွန်လာသူများတွင် ထိုတွေ့ရှိရမှုက အချိုးအစားတစ်ခုအနေဖြင့် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ယင်းသုတေသနလုပ်ငန်းကို ဦးဆောင်နေသည့် ဗြိတိန်အောက်စဖို့ဒ်တက္ကသိုလ် စိတ်ရောဂါအထူးကုဆရာဝန် Max Taquetက “ကျွန်တော်တို့ရဲ့ သုတေသနရလဒ်တွေမှာ တုပ်ကွေး ဒါမှမဟုတ် အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြီးနောက်ပိုင်း ဦးနှောက်ရောဂါနဲ့စိတ်ကစဉ့်ကလျားဖြစ်ပွားတဲ့အခြေအနေက ပိုများတာကို တွေ့ရတယ် ”ဟု ဆိုသည်။ (Xinhua)
————————————
(Chinese Version)
英国研究:三分之一新冠康复者患神经或精神疾病
2021-04-08 09:43:13
 新华社北京4月8日电(记者包雪琳)英国一项主要针对美国患者的最新研究显示,大约三分之一新冠患者在康复后6个月以内确诊神经或精神疾病。
 研究人员分析了超过23.6万名新冠患者的医疗记录,发现34%的新冠患者在康复后6个月内确诊罹患神经或精神疾病。这些患者绝大多数来自美国。
这项研究结果刊发在最新一期英国《柳叶刀•精神病学》杂志。研究人员发现,新冠康复者最为常见的病症为焦虑和情绪障碍,17%有焦虑症状,14%有情绪障碍,但研究人员暂时无法确认这些病症与感染新冠病毒是否有关联。
新冠康复者出现中风、痴呆等神经疾病的情况相对少见,但仍占一定比例,在康复的重症患者当中尤其显著。
 主导这项研究的英国牛津大学精神病学家马克斯•塔凯说:“我们的研究结果表明,相比患流感或其他呼吸道感染,感染新冠病毒以后出现脑部疾病和精神紊乱的情况更普遍。”
 1月1日,在美国纽约,医护人员运送一名患者。(新华社记者王迎摄)