Connect with us

WORLD

မွန်ဂိုးလီးယားနိုင်ငံက COVAX မှတစ်ဆင့် COVID-19 ကာကွယ်ဆေး ပထမအသုတ် လက်ခံရရှိ

မွန်ဂိုးလီးယားနိုင်ငံ ဦလန်ဘာတာမြို့ရှိ Chinggis Khaan နိုင်ငံတကာလေဆိပ်တွင် တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေးများကို ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဦလန်ဘာတာ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

မွန်ဂိုးလီးယားနိုင်ငံသည် ဗိုင်းရပ်စ်တိုက်ဖျက်ရေး ကာကွယ်ဆေးများ လျင်မြန် မျှတစွာ ရရှိနိုင်ရေး ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်မှုဖြစ်သော COVAX မှ COVID-19 ကာကွယ်ဆေး ပထမအသုတ်ကို မတ် ၁၂ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။

မွန်ဂိုးလီးယားနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကိုယ်စားလှယ် Sergey Diorditsa က COVAX မှ AstraZeneca-Oxford ကာကွယ်ဆေး ၁၄,၄၀၀ ပါဝင်သော ကနဦးအသုတ်ကို မွန်ဂိုးလီးယား နိုင်ငံခြားရေးဝန်ကြီး Batmunkh Battsetseg ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

“COVID-19 ကာကွယ်ဆေးတွေ ညီတူညီမျှရရှိဖို့က ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခု ဖြစ်လာချိန်မှာ ကျွန်တော်တို့ နိုင်ငံက COVAX အစီအစဉ်အရ ကာကွယ်ဆေးတွေ လက်ခံရရှိနေပါပြီ” ဟု Battsetseg က ကာကွယ်ဆေးလွှဲပြောင်းလက်ခံခြင်းအခမ်းအနား၌ ပြောကြားခဲ့သည်။

မွန်ဂိုးလီးယားနိုင်ငံသည် ဖေဖော်ဝါရီ ၂၃ ရက်၌ နိုင်ငံတစ်ဝန်း COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပြီးသူ ၇၁,၁၀၀ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

မွန်ဂိုးလီးယားနိုင်ငံတွင် လူဦးရေ ၃.၃ သန်းရှိသည့်အနက် အနည်းဆုံး ၆၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် စီစဉ်ထားကြောင်းနှင့် ၎င်းတို့အနက် ၂၀ ရာခိုင်နှုန်းမှာ COVAX အစီအစဉ်အောက်၌ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက၏ အဆိုအရ သိရသည်။ (Xinhua)
————————————-
(English Version)
Mongolia receives first batch of COVID-19 vaccines through COVAX
Source: Xinhua| 2021-03-13 07:28:47|Editor: huaxia
ULAN BATOR, March 12 (Xinhua) — Mongolia on Friday received the first batch of COVID-19 vaccines from COVAX, a global initiative to ensure quick and equal access to vaccines against the virus.
Sergey Diorditsa, representative of the World Health Organization in Mongolia, handed over the initial batch of 14,400 doses of AstraZeneca-Oxford vaccines from the COVAX, to Mongolian Foreign Minister Batmunkh Battsetseg.
“At a time when equal access to COVID-19 vaccines has become a global problem, our country is receiving vaccines under the COVAX program,” Battsetseg said at the ceremony, expressing her sincere gratitude to all donors and international organizations who have contributed to the program.
Mongolia launched a COVID-19 vaccination campaign across the country on Feb. 23, and 71,100 people have been vaccinated against the virus so far.
The Asian country is planning to vaccinate at least 60 percent of its 3.3 million population, and 20 percent of them will be vaccinated under the COVAX, according to the country’s health ministry. Enditem
Staff members prepare to unload COVID-19 vaccines donated by China at the Chinggis Khaan International Airport in Ulan Bator, Mongolia, Feb. 23, 2021. Mongolia on Monday night received 300,000 doses of Sinopharm COVID-19 vaccine donated by China. (Xinhua/Asigang)