Videos
ရုရှားစစ်သင်္ဘော အစ္စတန်ဘူလ် ဘော့ဖောရပ်ရေလက်ကြားမှတစ်ဆင့် ပင်လယ်နက်သို့ ဦးတည်မောင်းနှင်
အစ္စတန်ဘူလ်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
ရုရှားစစ်သင်္ဘော တစ်စင်းသည် အစ္စတန်ဘူလ် ဘော့ဖောရပ်ရေလက်ကြားမှ တစ်ဆင့် ပင်လယ်နက်သို့ ဦးတည်မောင်းနှင်ခဲ့ကြောင်း Ihlas သတင်းဌာနမှ သတင်းပို့သည်။”Novocherkassk,” အမည်ရ ရုရှားစစ်သင်္ဘော သည် ရေလက်ကြားတွင် အချိန် ၂နာရီဝန်းကျင်ကြာဖြတ်သန်းမောင်းနှင်ပြီးနောက် ပင်လယ်နက်သို့ ဦးတည်ခဲ့သည်။
တူရကီ ကမ်းခြေစောင့်ရေယာဉ်က ကမ္ဘာ့အသွားအလာအများဆုံး ရေလက်ကြားဖြစ်သည့် ကီလိုမီတာ ၃၀ အရှည်ရှိ ဘော့ဖောရပ်ရေလက်ကြားအားဖြတ်သန်းစဉ် Novocherkassk သင်္ဘောအားခြံရံမောင်းနှင်ပေးခဲ့သည်။စစ်သင်္ဘောမှာ Canakkale ပြည်နယ် Dardanelles ရေလက်ကြားအားဖြတ်သန်းကာ မာမာရာပင်လယ်သို့ အေဂျီယန်ပင်လယ်ဘက်မှ ဝင်ရောက်ခဲ့သည်။Alexander Otrakovsky နှင့် Kondopoga အမည်ရှိ ရုရှားစစ်သင်္ဘောနှစ်စင်းသည် ဧပြီ ၁၇ ရက်တွင် တူရကီရေလက်ကြားမှ တစ်ဆင့် ပင်လယ်နက်သို့ ရောက်ရှိခဲ့သည်။ (Xinhua)