Connect with us

Africa & Middle East

တူရကီနိုင်ငံတွင် ရွက်ဖျင်တဲ မီးလောင်မှုကြောင့် ဆီးရီးယား ဒုက္ခသည် ကလေး သုံးဦး သေဆုံး

တူရကီနိုင်ငံရှိ ရွက်ဖျင်တဲ ဒုက္ခသည် စခန်းတစ်ခု အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အန်ကာရာ၊ မတ် ၂၉ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အရှေ့တောင်ပိုင်းတွင် ဒုက္ခသည် စခန်းတစ်ခု၌ မတ်လ ၂၉ ရက်က ရွက်ဖျင်တဲ တစ်ခု မီးလောင်မှုကြောင့် ဆီးရီးယား ဒုက္ခသည် ကလေး သုံးဦး သေဆုံး ခဲ့ပြီး အခြား ခြောက်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပုဂ္ဂလိက သတင်းဌာန တစ်ခု ဖြစ်သည့် Dogan သတင်းဌာနက ဖာ်ပြခဲ့သည်။

Mardin ပြည်နယ် Derik မြို့ရှိ ရွက်ဖျင်တဲများ အသုံးပြုထားသော ဒုက္ခသည် စခန်းတစ်ခုရှိ ရွက်ဖျင်တဲ တစ်တဲ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

လွန်ခဲ့သည့် မတ်လ ၂၅ ရက် ကလည်း ထိုဒုက္ခသည် စခန်း၌ပင် အခြား ရွက်ဖျင်တဲ တစ်တဲ မီးလောင်မှုကြောင့် ဆီးရီးယား ကလေး တစ်ဦး သေဆုံးခဲ့ကာ ရွက်ဖျင်တဲ ၂၁ တဲ ပျက်စီး ခဲ့ရသည်။

နိုင်ငံအတွင်းသို့ ဆီးရီးယား ဒုက္ခသည် ဝင်ရောက်လာမှုသည် လက်ရှိတွင် အရေအတွက် ၂.၅ သန်းကျော်ထိ ဖြစ်လာသည့် အတွက် တူရကီ အစိုးရ အနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.