Connect with us

Africa & Middle East

အပိုင်စီးခံထားရသည့် အီဂျစ်ခရီးသည် တင်လေယာဉ်ပေါ်မှ ခရီးသည်များအား ပြန်လွှတ်ပေး

အပိုင်စီးခံထားရသည့် လေယာဉ်အမှတ် ၁၈၁ ၊ အီဂျစ်ခရီးသည်တင် လေယာဉ်ကြီးအား တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို ၊ မတ် ၂၉ ရက် (ဆင်ဟွာ )

အီဂျစ် ခရီးသည်တင် လေယာဉ်အား အပိုင်စီးထားကြသူများမှာ အီဂျစ်နိုင်ငံသားများ ဖြစ်ကြောင်း အီဂျစ်နိုင်ငံပိုင် သတင်းဌာနက မတ်လ ၂၉ ရက်တွင် ကြေညာခဲ့သည်။

လေယာဉ်ပေါ်တွင် လိုက်ပါလာကြသည့် ခရီးသည်များအား မတ်လ ၂၉ ရက် ၊ နံနက်ပိုင်းတွင် ပြန်လွှတ် ပေးလိုက်သော်လည်း လေယာဉ်အမှုထမ်း ၆ ဦး နှင့် နိုင်ငံခြားသား ၄ ဦးအား ဓားစားခံများအဖြစ် ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း အီဂျစ် လေကြောင်း ပျံသန်းရေး ဝန်ကြီးဌာန က ဆိုသည်။

အီဂျစ်နိုင်ငံ ပြည်တွင်း လေကြောင်း ပျံသန်းရေး ဝန်ကြီးဌာန၏ အဆိုအရ အပိုင်စီးခံရသည့် လေယာဉ်ပေါ်တွင် ခရီးသည် ၆၁ ဦး လိုက်ပါလာကြောင်း ၊ ၎င်းတို့အနက် အမေရိကန် နိုင်ငံသား ၁ဝ ဦး ၊ ဗြိတိသျှ နိုင်ငံသား ၈ ဦး နှင့် ဆီးရီးယား နိုင်ငံသား တစ်ဦး ပါဝင်ကြောင်း သိရသည်။
အီဂျစ်လေကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ အဆိုပါ ပျံသန်းမှုခရီးစဉ် အမှတ် ၁၈၁ ခရီးသည်တင် လေယာဉ်ကြီးသည် အီဂျစ်နိုင်ငံ အလက်ဇန္ဒရားမြို ့မှ ကိုင်ရိုမြို့သို့ ဦးတည် ပျံသန်းလာစဉ် ပြန်ပေးဆွဲခံပြီး ဆိုက်ပရပ်စ် ကျွန်းပေါ်သို့ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.