Connect with us

Africa & Middle East

တူရကီ ရဲတပ်ဖွဲ့သည် IS အဖွဲ့ဝင်များဟု သံသယရှိသူ ၁၅ ဦးအား Izmir မြို့၌ ထိန်းသိမ်းထား

IS အဖွဲ့ဝင်များအား လိုက်လံ ဖမ်းဆီးနေသည့် တူရကီ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အန်ကာရာ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

တူရကီ ရဲတပ်ဖွဲ့သည် ဧပြီလ ၁ ရက်နေ့က IS အဖွဲ့ဝင်များဟု သံသယရှိသူ ၁၅ ဦး အား တူရကီနိုင်ငံ အနောက်ပိုင်း ခရီးသွားမြို့တော် ဖြစ်သည့် Izmir မြို့တွင် ထိန်းသိမ်းထားကြောင်း Dogan ပုဂ္ဂလိက သတင်းဌာန က ဖာ်ပြခဲ့သည်။

တူရကီနိုင်ငံ Izmir မြို့ ရဲတပ်ဖွဲ့ ဦးစီးဌာန က ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် IS အဖွဲ့ဝင်ဟု သံသယရှိသူများ အား ဖမ်းဆီးရန် အတွက် Izmir မြို့အတွင်းရှိ နေရာ မျိုးစုံသို့ ရဲတပ်ဖွဲ့များ စေလွှတ်ခဲ့ပြီး သံသယရှိသူ ၁၅ ဦးအား ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။
ထိန်းသိမ်း ခံထားရသူ ၁၅ ဦးသည် ၂၀၁၅ ခုနှစ် တူရကီနိုင်ငံ ရှိ Adana နှင့် Mersin မြို့များတွင် လက်နက်ကိုင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တူရကီ ရဲတပ်ဖွဲ့များအား နိုင်ငံတစ်ဝန်း ဖောက်ကွဲမှုများ လုပ်ဆောင်ရန် ကြိုးစားနေသည့် IS စစ်သွေးကြွ အဖွဲ့ဝင်များအား ဖမ်းဆီးရန် သတိပေးချက် မြှင့်တင်ထားချိန်၌ အဆိုပါ ဖမ်းဆီးမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.