Connect with us

Politics, Law & Military

ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် DPNအဖွဲ့တို့ ချင်းမိုင်တွင် ယနေ့ တွေ့ဆုံဆွေးနွေးမည်

ပဉ္စမ အကြိမ် နိုင်ငံရေးဆွေးနွေးမှု့ဆိုင်ရာ မူဘောင် သုံးသပ်ခြင်း အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-HMS)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးစု ဖက်ဒရယ်ကောင်စီ (UNFC) က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) တို့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယနေ့(စက်တင်ဘာ ၂၅ ရက်နေ့)တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ထံမှ သိရသည်။

ငြိမ်းချမ်းရေးကော်မရှင်သည် DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်၏ ဖိတ်ခေါ်မှုကြောင့် ှ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးအောင်ကြည်၊ အဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦးနှင့် ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုး (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) တို့ သွားရောက်တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်သည်။ အစိုးရအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြန်လည်သုံးသပ်သော အစည်းအဝေးများတွင် UNFC ကိုယ်စားလှယ်များဖြစ်သည့် DPN ကို ပါဝင်ရန် ဖိတ်ခေါ်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ပထမအစည်းအဝေးအတွက် ပူးတွဲ ကော်မတီနှင့် အစည်းအဝေးကျင်းပရန် ဆောင်ရွက်ရာတွင် အစိုးရ၊တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၌ NCA လက်မှတ်ထိုးပြီးသားအဖွဲ့နှင့် မထိုးရသေးသော အဖွဲ့များပါ ပါဝင်လာနိုင်ရန် ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိသည်။(Xinhua)