Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ဥက္ကဋ္ဌ ဦးအင်ဘန်လဦးဆောင်သော တိုင်းရင်းသားအဖွဲ့ပထမဆုံးအကြိမ်တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ဥက္ကဋ္ဌ ဦးအင်ဘန်လဦးဆောင်သော တိုင်းရင်းသားအဖွဲ့တို့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ဥက္ကဋ္ဌ ဦးအင်ဘန်လဦးဆောင်သော တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ရန်ကုန်မြို့ရှိ NRPCရုံး၌ ပထမဆုံးအကြိမ်တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စများကို မိသားစုသဖွယ်တွေ့ဆုံဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲတွင် အစိုးရဘက်မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ တင်မျိုးဝင်း၊ ဦးကျော်တင့်ဆွေနှင့် ဦးမိုးဇော်ဦးတို့တက်ရောက်ပြီး UNFC ကိုယ်စားလှယ်ဘက်မှ ဦးအင်ဘန်လ(ဗိုလ်ချုပ်ကြီးအဆင့်)၊ နိုင်ထောမွန်၊ ခွန်းအေဘယ်တွိဒ်၊ ဦးဆေထင် (ဒုတိယဗိုလ်ချုပ်ကြီး အဆင့်)နှင့် ဦးခူဦးရယ်တို့တက်ရောက်ဆွေးနွေးသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ဥက္ကဋ္ဌ ဦးအင်ဘန်လဦးဆောင်သော တိုင်းရင်းသားအဖွဲ့တို့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

” တိုင်းရင်းသားတွေဘက်က ဒီနေ့တွေ့ဆုံပွဲကို မိသားစုသဖွယ် တွေ့ဆုံဆွေးနွေးမယ်လို့ အဆိုပြုတယ်၊ ဒီဆွေးနွေးပွဲကနေ တစ်စုံတစ်ရာ ဆုံးဖြတ်ချက်ထွက်မယ့် ဆွေးနွေးပွဲတော့ မဟုတ်ပါဘူး” ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ဥက္ကဋ္ဌ ဦးအင်ဘန်လဦးဆောင်သော တိုင်းရင်းသားအဖွဲ့တို့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ယနေ့တွေ့ဆုံပွဲကို နေ့လည် ၃နာရီမှ ညနေ ၅နာရီခန့်ထိတွေ့ဆုံမည်ဖြစ်ပြီး ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေးကိစ္စများ၊ ၂၁ပင်လုံညီလာခံကိစ္စများ၊ အပစ်ခတ်ရပ်စဲရေးကိစ္စများ ဆွေးနွေးနိုင်ချေရှိကြောင်း ၎င်းကဆိုသည်။

ယင်း တွေ့ဆုံပွဲကို DPN ကိုယ်စားလှယ်များဖြစ်သော ဦးလယီကောင်း (ဗိုလ်ချုပ် အဆင့်)၊ဦးစိုင်းထူးး (ဗိုလ်ချုပ် အဆင့်)၊ ဒေါက်တာ နိုင်ရွှေသိန်း
၊ဦးဆေအွန် (ဗိုလ်မှူးကြီး အဆင့်)၊ဦးဆော်လမွန် (ဗိုလ်မှူးကြီး အဆင့်)၊ဦးမင်းထွန်း (ဗိုလ်မှူးကြီး အဆင့်)၊တာ့ညီလူနှင့် ဦးလအောင် (ဗိုလ်မှူးကြီး အဆင့်)တို့လည်း တက်ရောက်ခဲ့သည်။(Xinhua)