Connect with us

Politics, Law & Military

နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံ တားဆီးပိတ်ပင်ရေး စာချုပ်သို့ မြန်မာနိုင်ငံက အတည်ပြု ပါဝင်သည့် စာချွန်လွှာ ပေးအပ်

နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ်သို့ မြန်မာနိုင်ငံက အဖွဲ့ဝင် အဖြစ် အတည်ပြုပါဝင်သည့် စာချွန်လွှာအား ပေးအပ်စဉ်(ဓာတ်ပုံ-MOFA)

ရန်ကုန် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ်သို့ မြန်မာနိုင်ငံက အဖွဲ့ဝင် အဖြစ် အတည်ပြုပါဝင်သည့် စာချွန်လွှာအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ကုလသမဂ္ဂ ဥပဒေ ရေးရာ ဌာန ဒုတိယအတွင်းရေးမှူးချုပ် Mr.Miguel de Serpa Soares ထံသို့ စာချွန်လွှာ ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။

ကုလသမဂ္ဂဌာနချုပ်၌ စက်တင်ဘာ ၂၁ ရက်တွင် ပြုလုပ်သော နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ် (Comprehensive Nuclear-Test-Ban Treaty -CTBT) သို့ မြန်မာနိုင်ငံကအဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်သည့် စာချွန်လွှာ (Instrument of Ratification) ပေးအပ်ပွဲ အခမ်းအနားတွင် ထိုကဲ့သို့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နျူကလီးယား လက်နက် စမ်းသပ် ဖောက်ခွဲမှု အလုံးစုံ တားဆီးပိတ်ပင်ရေး စာချုပ်သို့ အတည်ပြု ပါဝင် လိုက်ခြင်းဖြင့် မြန်မာနိုင်ငံ အစိုးရသစ်အနေဖြင့် နျူကလီးယားလက်နက် မပြန့်ပွားရေးနှင့် နျူကလီးယား လက်နက် ဖျက်သိမ်းရေးတို့ကို ထောက်ခံ အားပေးကြောင်း နိုင်ငံတကာသို့ ထပ်လောင်း အတည်ပြုပြသနိုင်ခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံသည် အဆိုပါစာချုပ်သို့ ၁၉၉၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက်၌ ပါဝင်လက်မှတ်ရေးထိုး(Signature) ခဲ့သည်။ ယခုအခါ အဆိုပါစာချုပ်သို့ နိုင်ငံပေါင်း ၁၈၃ နိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးထားပြီး နိုင်ငံပေါင်း ၁၆၆ နိုင်ငံက အတည်ပြုပါဝင် (Ratification) ထားပြီးဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.