Connect with us

Politics, Law & Military

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် UNFC ၏နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ တို့ တွေ့ဆုံစဉ်(ဓာတ်ပုံ-Myanmar State Counsellor Office)

ရန်ကုန် ၊ မတ် ၁ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ကိစ္စရပ် များအပါအဝင် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပတ်သက်၍ မူပိုင်းဆိုင်ရာကိစ္စရပ်များအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN)တို့ ယနေ့ မတ် ၁ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ထိုတွေ့ဆုံပွဲတွင် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN) အဖွဲ့ခေါင်းဆောင်ခူဦးရယ်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ရပ်စဲရေးသဘောတူစာချုပ် (NCA)နှင့် အဆိုပြုချက် ၉ ချက်အပေါ် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးတင်ပြ ချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီးဦးမင်းသူ၊ UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့(DPN)အဖွဲ့ခေါင်းဆောင် KNPP အတွင်းရေးမှူးး ခူဦးရယ်၊ ဒုတိယအဖွဲ့ခေါင်းဆောင်(၁) SSPP ဗဟိုကော်မတီဝင် ဦးစိုင်းထူး၊ အဖွဲ့ဝင်များဖြစ်သည့် NMSP ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒေါက်တာနိုင်ရွှေ သိန်း၊ NMSP ဗဟိုကော်မတီဝင် နိုင်အောင်မငေး၊ ANCမှ ဦးမင်းထွန်း၊ WNO မှ တာ့ညီလူ၊ နည်းပညာအထောက်အကူပြုရုံးအဖွဲ့မှ နိုင်ဗညားမွန်၊ ခူတော်ရယ်၊ ကိုဆန်အောင်၊ နော်ချောစု၊ ခွန်နောင်မင်းဗညား၊ ကြာရှဲဘိုနှင့် စိုင်းအောင်သိုင်းတို့ တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.