Latin America
ဟေတီနိုင်ငံတွင် ပြင်းအား ၇.၂ အဆင့်ရှိ ငလျင်လှုပ်ခတ် ၊ သေဆုံးသူ ၃၀၄ ဦးထိရှိလာ
ဂျာရီမိ ၊ ဩဂုတ် ၁၅ ရက်(ဆင်ဟွာ)
ဟေတီနိုင်ငံတွင် ပြင်းအား ၇.၂ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ လူပေါင်း ၃၀၄ ဦးသေဆုံးပြီး အခြား ၁,၈၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် ငလျင်ကြောင့် မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာ နိုင်ငံ၏ အဝေးပြေးလမ်းမတစ်ခု လမ်းပိတ်သွားခဲ့ကြောင်း ဟေတီအာဏာပိုင်များက ဩဂုတ် ၁၄ရက်တွင်ပြောကြားခဲ့သည်။
ဟေတီနိုင်ငံ တောင်ပိုင်း Les Cayes မြို့ နှင့် Jeremie မြို့ နှစ်မြို့အကြား ဆက်သွယ်ထားသော နိုင်ငံ၏ အဝေးပြေးလမ်းအမှတ် -၇ သည် ငလျင်ကြောင့် မြေပြိုမှုဖြစ်ပွားပြီး လမ်းပိတ်သွားခဲ့ကြောင်း ဟေတီနိုင်ငံပြည်သူ့ကာကွယ်ရေးညွှန်ကြားမှုအေဂျင်စီက ဆိုသည်။
“ အဲဒီလမ်းပိတ်သွားတဲ့အပိုင်းကို အမြန်ဖယ်ရှားရှင်းလင်းဖို့ လုပ်ဆောင်နေကြပါတယ်” ဟု အေဂျင်စီက ပြောကြားခဲ့ပြီး ၊ အဆောက်အဦပြိုကျမှုအတွင်း ပိတ်မိနေသူများအား ကယ်ထုတ်နိုင်ရန် ဒေသခံများ နှင့် ကယ်ဆယ်ရေးအသင်းအဖွဲ့များက ကြိုးပမ်းလုပ်ဆောင်နေကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။
ဟေတီနိုင်ငံဝန်ကြီးချုပ် Ariel Henry က အပျက်အစီးပုံများအား ကြည့်ရှုစစ်ဆေးရန် Grand’Anse ဒေသသို့သွားရောက်ခဲ့ပြီး ၎င်းအစိုးရအဖွဲ့အနေဖြင့် ငလျင်ဒဏ်သင့်ပြည်သူများအား ကယ်ဆယ်ရေးကူညီဆောင်ရွက်ရန်အတွက် အရင်းအမြစ်များကို ပေးပို့ထားပြီးဖြစ်ကြောင်း ဆိုသည်။
အဆိုပါငလျင်သည် ဟေတီနိုင်ငံတော်ပိုင်း Saint Louis du Sudမြို့ မှ ၁၂ ကီလိုမီတာအကွာ၌ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။(Xinhua)
—————————————————
(English Version)
7.2-magnitude earthquake in Haiti leaves 304 people dead
JEREMIE, Aug. 15 (Xinhua) — A
7.2-magnitude earthquake in Haiti has killed 304 people, wounded more than 1,800 others and caused a landslide, which has blocked a national highway, Haitian authorities said Saturday.
National Highway 7, which connects the southern cities of Les Cayes and Jeremie, has been blocked by the landslide, said the country’s Civil Protection Directorate.
“An operation is being carried out to restore traffic circulation,” said the agency, praising efforts by rescue teams and residents to pull a large number of people from the rubble of collapsed buildings.
Haitian Prime Minister Ariel Henry went to the department of Grand’Anse to see the damage and said that his government has mobilized resources to help victims.
The earthquake originated about 12 km from the southern town of Saint Louis du Sud.