North America
အမေရိကန်နိုင်ငံတွင် မျောက်ကျောက်ရောဂါကူးစက်ခံထားရသူ ၇၀ ကျော်ထိရှိလာ
လောစ့်အိန်းဂျလိစ် ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံတွင် မျောက်ကျောက်ရောဂါကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ဇွန် ၁၄ ရက်အထိ ရောဂါ ကူးစက်ခံရသူပေါင်း ၇၂ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးစင်တာ (CDC) ၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။
အမေရိကန်နိုင်ငံ၌ ရောဂါကူးစက်မှု အများဆုံးဖြစ်ပွားနေသည့် ကယ်လီဖိုးနီးယားပြည်နယ် နှင့် နယူးယောက်ပြည်နယ်များတွင် အတည်ပြုလူနာ ၁၅ ဦး စစ်ဆေးတွေ့ရှိ ခဲ့ခြင်းနှင့်အတူ နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်ပေါင်း ၁၈ ခုတွင် ရောဂါကူးစက်မှုများကို တွေ့ရှိခဲ့ရကြောင်း ဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မျောက်ကျောက် နှင့် အော်သိုပေါ့ဗိုင်းရပ်စ်(orthopoxvirus) ကူးစက်ခံရကြောင်း သံသယရှိသူ အရေအတွက်သည် ရာပေါင်းများစွာအထိ ရှိနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ကူးစက်မှုရှိသော ဒေသများသို့ ခရီးသွားထားသူများ သို့မဟုတ် မျောက်ကျောက်ရောဂါအတွက် သက်မှတ်ထားသည့် လက္ခဏာရပ် ရှိသူများ ၊ မျောက်ကျောက်ရောဂါနှင့်ကိုက်ညီမှုရှိသော အဖုအပိတ်များထွက်နေသည့် လူနာများအတွက် ဆေးဝါးကုသမှုခံယူရန် တစ်နိုင်ငံလုံးကို သတိပေးချက်ထုတ်ပြန်ကာ တိုက်တွန်းထားကြောင်း သိရသည်။(Xinhua)
……………………..
(English Version)
U.S. reports over 70 monkeypox infections
LOS ANGELES, June 15 (Xinhua) — Monkeypox cases in the United States continued to climb, reaching 72 as of Tuesday, according to the latest data of the U.S. Centers for Disease Control and Prevention (CDC).
The cases had been found in 18 states, with California and New York reporting 15 cases each, the most number among U.S. states.
The World Health Organization has reported hundreds of cases of suspected monkeypox and orthopoxvirus globally.
The CDC is urging healthcare providers across the country to be alert for patients who have rash illnesses consistent with monkeypox, regardless of whether they have travel experience or specific risk factors for monkeypox.
Photo- A woman visits the National Mall in Washington, D.C., the United States, on March 29, 2022. (Xinhua/Liu Jie)