Connect with us

Media

တရုတ်နိုင်ငံက အာကာသ၌စခန်းတည်ဆောက်ရန် Shenzhou-12အာကာသယာဉ်မှူးများအားမိတ်ဆက်

ကျိုချွမ်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ဇွန် ၁၇ ရက်တွင်လွှတ်တင်မည့် လူလိုက်ပါအာကာသ ခရီးစဉ်အတွက် လိုက်ပါသွားကြမည့် အာကာသယာဉ်မှူးများ ဖြစ်ကြသော နွဲ့ဟိုင်စိန့်၊ လျိုပေါ်မင်၊ ထန်းဟုန်ပေါတို့ (၃)ဦးအား China Manned Space Agency (CMSA)က ဗုဒ္ဓဟူးနေ့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပ၍ မိတ်ဆက်ခဲ့သည်။
ယင်းခရီးစဉ်သည် တရုတ်နိုင်ငံ၏ အာကာသစခန်းတည်ဆောက်‌ရေးတွင် ပထမဆုံး လူလိုက်ပါသည့် ခရီးစဉ်ဖြစ်ပြီး အာကာသယာဉ်မှူးများသည် အာကာသစခန်း ပင်မခန်းတွင် (၃)လကြာ နေထိုင်သွားကြမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါအာကာသယာဉ် အေဂျင်စီ (CMSA)၏ လက်ထောက် ဒါရိုက်တာ ကျိချီမင်က ဆိုသည်။
အဆိုပါ အာကာသယာဉ်မှူးအဖွဲ့ထဲတွင် နွဲ့ဟိုင်စိန့် မှာ ခေါင်းဆောင်အဖြစ်လိုက်ပါသွားခြင်းဖြစ်ပြီး ၎င်းမှာ အတွေ့အကြုံအများဆုံး အာကာသယာဉ်မှူးဖြစ်သည်။ နွဲ့သည် ၂၀၀၅ ခုနှစ်တွင် Shenzhou-6 အာကာသခရီးစဉ်နှင့် ၂၀၁၃ ခုနှစ်တွင် Shenzhou-10 အာကာသ ခရီးစဉ်များတွင် လိုက်ပါခဲ့ဖူးသည့် အာကာသယာဉ်မှူးတစ်ဦးလည်းဖြစ်ပါသည်။
အာကာသယာဉ်မှူး လျိုပေါ်မင် အတွက် ၂၀၀၈ ခုနှစ် Shenzhou-7အာကာသ ခရီးစဉ် ၌ အာကာသပေါ်သို့ခြေချခဲ့ပြီးနောက် ယခုခရီးစဉ်သည် ဒုတိယမြောက်လိုက်ပါခြင်းဖြစ်သည်။
အာကာသယာဉ်မှူး ထန်းဟုန်ပေါမှာ ၂၀၁၀ ပြည့်နှစ်တရုတ်အာကာသယာဉ်မှူးများ ဒုတိယအသုတ် သင်တန်း ဆင်းအဖွဲ့ဝင်ဖြစ်ပြီး ယခုခရီးစဉ်မှာ ၎င်း၏ ပထမဆုံး အာကာသခရီးစဉ်ဖြစ်ကြောင်းသိရသည်။
အရံအဖွဲ့ဝင်များအဖြစ် အာကာသယာဉ်မှူး ကျိုက် ကျီကန်း၊ ဝမ် ယာပင်း နှင့် ယဲ့ ကွမ်ဖူ တို့ ၃ ဦးကိုလည်း အသင့်ထားရှိကြောင်းသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
GLOBALink | China unveils Shenzhou-12 astronauts for space station construction
JIUQUAN, June 16 (Xinhua) — Chinese astronauts Nie Haisheng, Liu Boming and Tang Hongbo will carry out the Shenzhou-12 manned spaceflight mission, and Nie will be the commander, announced the China Manned Space Agency (CMSA) at a press conference Wednesday.
This will be the first manned mission during the construction of China’s space station, and the crew will stay in orbit for three months, said Ji Qiming,  director assistant of the CMSA.
Nie, the most experienced among the three, was in the Shenzhou-6 mission in 2005 and the Shenzhou-10 mission in 2013.
It will be Liu’s second spaceflight, as he once participated in the Shenzhou-7 mission in 2008, which featured a landmark spacewalk.
Tang will be a new comer to space. He became a member of the second batch of Chinese astronauts in 2010.
Zhai Zhigang, Wang Yaping and Ye Guangfu will be the backup crew, Ji said.
Produced by Xinhua Global Service