Connect with us

Media

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့နှင့် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တို့အကြား ကုန်တင်ရထားဝန်ဆောင်မှု စတင်ဖွင့်လှစ်

ကူမင်း ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ နှင့် လာအိုနိုင်ငံ မြို့တော်ဗီယင်ကျန်းတို့အကြား ကုန်တင်ရထားဝန်ဆောင်မှုအား အောက်တိုဘာ ၈ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

အရှေ့တောင်အာရှမှ အသီးအနှံများနှင့်ရာဘာများ အပါအဝင် ကုန်စည်များတင်ဆောင်ထားသည့် ရထားတစ်စင်းသည် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းရှိ ဝမ်ကျားရင်အနောက်ပိုင်းဘူတာရုံမှ ထွက်ခွာသွားခဲ့ပြီး ဝန်ဆောင်မှုစတင်ဖွင့်လှစ်သည့် အထိမ်းအမှတ် ဖြစ်လာခဲ့သည်။
အဆိုပါရထားသည့် ရှန်ဟိုင်းမြို့သို့ ရောက်ရှိရန် ၈၂ နာရီကြာမြင့်မည်ဟု မျှော်မှန်းထားကြောင်း ကူမင်းမြူနီစပယ်အစိုးရအဖွဲ့ ပြန်ကြားရေးရုံးထံမှ သိရသည်။

တရုတ်-လာအို ရထားလမ်းနှင့် ရှန်ဟိုင်း-ကူမင်း ရထားလမ်းအား ချိတ်ဆက်ထားသည့် ယင်းရထား ဝန်ဆောင်မှုသည် နည်းလမ်းနှစ်မျိုးလုံးဖြင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
တရုတ်-လာအို ရထားလမ်းသည် ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်အောက်ရှိ အထင်ကရစီမံကိန်းတစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)

#China #Laos #FreightTrain #တရုတ်နိုင်ငံ #လာအိုနိုင်ငံ #ကုန်တင်ရထား
……………………………….
(English Version)
Freight train service inaugurated between Shanghai, Vientiane
A freight train service between Shanghai and Vientiane, capital of Laos, was launched on Sunday.
A train loaded with cargo including fruits and rubber from Southeast Asia departed from the Wangjiaying West Station in Kunming, capital of southwest China’s Yunnan Province on Sunday morning, marking the inauguration of the service.
The train is expected to take 82 hours to reach Shanghai, according to the information office of the Kunming municipal government.
This train service, which links the China-Laos Railway and the Shanghai-Kunming Railway, will be operated both ways.
The China-Laos Railway is a landmark project under the Belt and Road Initiative.
Xinhua News Agency correspondents reporting from Kunming, China.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.