Connect with us

မြန်မာ-ENG

လက်ဘနွန်နိုင်ငံတောင်ပိုင်းမှ အစ္စရေးနိုင်ငံမြောက်ပိုင်းသို့ ဒုံးကျည်များစွာ ပစ်ခတ်

ဂျေရုဆလမ် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

အစ္စရေးတိုက်ခိုက်သိမ်းယူထားသည့် ဂိုလန်ကုန်းမြင့်နှင့် လက်ဘနွန်-ဆီးရီးယား နယ်စပ်လမ်းဆုံရှိ အငြင်းပွားနေသည့် နေရာတစ်ခုဖြစ်သည့် Shebaa Farms ရှိ အစ္စရေးတည်နေရာများသို့ အောက်တိုဘာ ၈ ရက် နံနက်အစောပိုင်းတွင် ဒုံးကျည်များနှင့်အမြောက်ကျည်များ ပစ်ခတ်ခဲ့ကြောင်း လက်ဘနွန်စစ်တပ်ထောက်လှမ်းရေးအရင်းအမြစ်များက ဆင်ဟွာသို့ အတည်ပြုပြောကြားခဲ့သည်။

လက်တုံ့ပြန်သည့်အနေဖြင့် စတင်တိုက်ခိုက်ခဲ့သည့် လက်ဘနွန်နယ်မြေအတွင်းသို့ အစ္စရေးစစ်တပ်က အမြောက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် ဟစ်ဇ်ဘိုလာ စိုက်ထူထားသည့် ရွက်ဖျင်တဲများကို ပစ်မှတ်ထားကာ ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ (Xinhua)

……………………………
(English Version)
Dozens of rockets fired from S. Lebanon to N. Israel
Dozens of rockets and heavy artillery shells were fired toward Israeli positions on the Shebaa Farms, a disputed strip of land at the intersection of the Lebanese-Syrian border and the Israeli-annexed Golan Heights, early Sunday morning, Lebanese army intelligence sources confirmed to Xinhua.
In response, the Israeli military fired artillery into the Lebanese area from which the attack originated, an army spokesperson said in a statement. Later, a drone attack was launched, targeting tents set up by Hezbollah in the region, according to the spokesperson.
Xinhua News Agency correspondents reporting from Beirut/Jerusalem.(XHTV)