Connect with us

Media

ဟန်ကျိုးအာရှအားကစားပြိုင်ပွဲသို့ မြန်မာ အားကစားသမား ၁၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပမည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ အားကစားသမား ၁၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က “အားကစားနည်း ခုနစ်မျိုးက အားကစားသမားများ၊ နည်းပြများ၊ အသင်းမန်နေဂျာများ အပါအဝင် အဖွဲ့ဝင် ၁၇၃ ဦးကို စေလွှတ်သွားမှာပါ” ဟု ဆင်ဟွာသို့ စက်တင်ဘာ ၇ ရက်တွင် ပြောသည်။ အဆိုပါအားကစားသမားများတွင် အမျိုးသား ၆၃ ဦးနှင့် အမျိုးသမီး ၄၈ ဦး ပါဝင်မည်ဖြစ်ပြီး ဘောလုံး၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ ရိုးရာလှေ၊ e-sports ၊ မြားပစ်နှင့် ပိုက်ကျော်ခြင်း အစရှိသည့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)