Connect with us

Media

အီဂျစ်နိုင်ငံ၏ ဆူးအက်တူးမြောင်းဝင်ငွေက ပင်လယ်နီတင်းမာမှုကြောင့် ၅၇.၂ ရာခိုင်နှုန်း ကျဆင်း

ကိုင်ရို၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
ဆူးအက်တူးမြောင်းဖြတ်သန်းခက ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် အမေရိကန်ဒေါ်လာ ၉၅၉.၃ သန်းအထိ ၅၇.၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း အီဂျစ်ဗဟိုဘဏ်က ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။
ဆူးအက်တူးမြောင်းဖြတ်သန်းခအနေဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လမှ ၂၀၂၄ ခုနှစ် မတ်လအထိ အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၆.၂ ဘီလီယံ ရရှိမှုနှင့် နှိုင်းယှဉ်ပါက ၇.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
စီးပွားဖြစ်သင်္ဘောကုမ္ပဏီအများအပြားက ၎င်းတို့၏ သင်္ဘောလမ်းကြောင်းအား ပြောင်းလဲရန် တွန်းအားပေးခဲ့သည့် ပင်လယ်နီရေကြောင်းသွားလာမှုအနှောင့်အယှက်များကြောင့် ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အီဂျစ်ဗဟိုဘဏ်က မှတ်ချက်ပြုခဲ့သည်။ (Xinhua)
………………………
(English Version)
Revenues of Egypt’s Suez Canal drop by 57.2 pct due to Red Sea tension: central bank
The Suez Canal transit receipts decreased by 57.2 percent to register 959.3 million U.S. dollars in the first quarter of 2024, according to a statement released on Monday by the Central Bank of Egypt (CBE).
The statement said the Suez Canal transit receipts decreased by 7.4 percent from July 2023 to March 2024, recording 5.8 billion dollars, compared to 6.2 billion dollars in the same period of the previous year.
The CBE noted that the decrease stemmed primarily from the Red Sea maritime traffic disruptions which forced several commercial shipping companies to divert their shipping routes.
Xinhua News Agency correspondents reporting from Cairo. (XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.