ကျန့်ကျိုး၊ ဇွန် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျန်းကျိုးမြို့သည် မြစ်ဝါမြစ်ရေစီးဆင်းမှုနှင့်အတူ တည်ရှိနေသည့် မြို့ တစ်မြို့ ဖြစ်သည်။ မြို့အနီးဝန်းကျင်တွင်လည်း ရေကန်များစွာရှိရာ ကျန့်ကျိုးမြို့သည် ရေမြေကြောင့် ပန်းချီကားသဖွယ် သာယာလှပမှုရှိသည့် နေထိုင်ချင့်စဖွယ် ချမ်းမြေ့သည့် မြို့တစ်မြို့ဖြစ်သလို ရေကြောင့်ပင် တိုးတက်ဖြစ်ထွန်းနေသည့်မြို့တစ်မြို့ဟု ဆိုလျှင်လည်းမှားမည်မဟုတ်ပေ။ (Xinhua)
ကွမ်တုန်း၊ ဇွန် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ လက်တစ်ဖက်တည်းရှိသော အသက်(၁၃)နှစ်အရွယ် ကျန်းကျားချန်သည် သူ၏ အံ့မခန်း ဘတ်စကတ်ဘောစွမ်းရည်ကြောင့် အင်တာနက်တွင် လူအများအပြား စိတ်ဝင်စားမှုရရှိခဲ့သည်။တရုတ်နိုင်ငံ တောင်ပိုင်းကွမ်တုန်း ပြည်နယ်တွင် မွေးဖွားခဲ့သော ကျန်းသည် ငါးနှစ်အရွယ်တွင် မတော်တဆမှုတစ်ခုကြောင့် သူ၏ ညာလက်တစ်ဖက်ဆုံးရှုံးခဲ့သည်။ သို့သော်လည်း ကျန်းသည် ဘယ်တော့မှ...
ရေ့အန်း ၊ ဇွန် ၆ ရက် (ဆင်ဟွာ) လူတွေဟာ ကျန်းမာဖို့ ၊ စိတ်ခံစားချက်တွေ ဖော်ပြဖို့ ၊ဖျော်ဖြေဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ဖြေလျှော့ဖို့အတွက် အကကကြပါတယ်။ တရုတ်နိုင်ငံမှ လယ်တောသူ ဖုန်ရှောင်ရင်းအတွက် သူမခင်ပွန်း၏ စိတ်ကျရောဂါ ကို ကျော်လွှားဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ၎င်းတို့လယ်သမားဇနီးမောင်နှံ ၏ အကဗွီဒီယိုမှာ...
ဆန်ရှီး၊ ဇွန် ၆ ရက် (ဆင်ဟွာ) ဟူခိုရေတံခွန်သည် တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ်နှင့် ဆန်ရှီးပြည်နယ်အကြား နယ်စပ်တွင် တည်ရှိသည်။ ကျဉ်းမြောင်းမတ်စောက်လှသော ချောက်တွင် စီးဆင်းနေပြီး မြန်ဆန်လှသော ရေစီးအရှိန်ကြောင့် ကျော်ကြားသည့် ရေတံခွန်တစ်ခုဖြစ်သည်။ (Xinhua)
ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) ပွေလိမ်ရှုပ်ထွေးနေသော်လည်းအံ့မခန်း စနစ်ကျလှပနေသည့်တရုတ်နိုင်ငံရှိ အဝေးပြေးလမ်းမများ၏ ဖောက်လုပ်ထားသည့် ပုံများကို ကောင်းကင်ပုံရိပ်မြင်ကွင်းဖြင့် ရိုက်ကူးတင်ဆက်ထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua)
ယွီဆု၊ ဇွန် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ချင်းဟိုင်ပြည်နယ်၊ ယွီဆု တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတွင် နှင်းကျားသစ်ပေါက် နှစ်ကောင် နှင့် ၎င်းတို့ ၏ မိခင်အား ကင်မရာဖြင့်ရှားရှားပါးပါးမှတ်တမ်းတင်ရိုက်ကူးခဲ့သည်။ လွန်ခဲ့သော ၁၀ ရက်က မွေးဖွားခဲ့သည့် နှင်းကျားသစ်ပေါက်လေး နှစ်ကောင် သည် တစ်ကောင်နှင့်တစ်ကောင်တိုးဝှေ့ပူးကပ်၍ သူတို့ဘာသာလမ်းလျှောက်သင်နေပုံ...
ရှန်ဟိုင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် SWAT အထူးတပ်ဖွဲ့ဝင်များက ပူအိုက်သောနွေရာသီ၌ အတားအဆီးများ ဖြတ်ကျော်ခြင်း၊ သေနတ်ပစ်ခြင်း၊ အမြင့်တက်ခြင်းစသည့် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းများ ပြုလုပ်နေသည်ကို ဆင်ဟွာသတင်းဌာနမှ ရိုက်ကူးတင်ဆက်ထားပါသည်။ (Xinhua)
အန်းဟွေး၊ ဇွန် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်တွင် Wang Wenchao ဟုအမည်ရသည့် အသက် ၃၀ ကျော်အရွယ် လူငယ်လယ်သမားတစ်ဦးက မီးရှို့ထားသည့် ထင်းချောင်းများဖြင့် ရုပ်ပုံများကိုရေးဆွဲပြသည့်ရုပ်သံမှာ အင်တာနက်စာမျက်နှာများတွင် လူကြိုက်များကျော်ကြားလျက်ရှိသည်။ ဝမ်က စက္ကန့်အနည်းငယ်မှ အချိန် ၂ နာရီခန့်အတွင်း မီးရှို့ထားသည့် ထင်းချောင်းများဖြင့်ပန်းချီကားတစ်ကားကိုရေးဆွဲ နိုင်သည်။...
မွန်ဂိုလီးယား၊ ဇွန် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ အယ်ဘာဆီဟု အမည်ရသောကျောက်သားထုထည်များပြားသည့်တောင်တန်းများတွင် ဘယ်ရယ် ဟု ခေါ်တွင်သော ရှားပါးတောင်ဆိတ်မျိုးနွယ်များ ကျက်စားနေထိုင်ကြသည်။ တောင်တန်းများမှာ ကျောက်သားထုထည်များဖြစ်သောကြောင့် သောက်သုံးရေ ရှားပါးပြီး အသက်ဆက်ရန် ခဲယဉ်းလှသည့် ထို တိရစ္ဆာန်များ၏ အခက်အခဲကိုသတိပြုမိကာ ...