Connect with us

Media

နှစ်ယောက်စီး ရေပေါ်လျှပ်စစ်လေယာဉ် တရားဝင် လွှဲပြောင်းပေးအပ်

ကန်းစု၊ မတ် ၂၄ ရက် (ဆင်ဟွာ)

RX1E-S မော်ဒယ် နှစ်ယောက်စီး ရေပေါ်လျှပ်စစ်လေယာဉ်သည် မတ် ၂၀ ရက်က ကန်းစုပြည်နယ် ရုန်ကျင့်ခရိုင် လျိုကျားရှာ ရှုခင်းသာ ဧရိယာ ရှန့်ယန်ဆိပ်ကမ်းမှ ပျံသန်းခဲ့သည်။ ၎င်းမှာ စိန်ရန်အာကာသတက္ကသိုလ်၊ လျောင်နင်အထွေထွေလေကြောင်းအကယ်ဒမီမှ သုတေသနပြုထုတ်လုပ်ထားသော နှစ်ယောက်စီး ရေပေါ် လျှပ်စစ်လေယာဉ်ကို ပထမဆုံးအသုံးပြုမည့် ကန်းစု မြစ်ဝါမြစ် အထွေထွေလေကြောင်းကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့သော အထိမ်းအမှတ် ဖြစ်သည်။

RX1E-S မော်ဒယ် နှစ်ယောက်စီး ရေပေါ်လျှပ်စစ်လေယာဉ်သည် လီသီယမ်ဘက်ထရီကို တွန်းကန်စွမ်းအင်အဖြစ် အသုံးပြုထားခြင်း ဖြစ်သည်။ ၎င်းမှာ ကာဗွန်ထုတ်လွှတ်မှု သုညဖြစ်ပြီး လျှပ်စစ်တွန်းကန်အားစနစ် တည်ငြိမ်မှုရှိရာ ဆူညံသံ နည်းပါးကြောင်း၊ သင့်လျော်မှုရှိသည့် ရေပြင်ဧရိယာရှိလျှင် ပျံသန်းနိုင်ခြင်းကြောင့် အခြေခံအဆောက်အဦလိုအပ်ချက်နှင့် ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ် နည်းပါးကြောင်း သိရသည်။

အဆိုပါ လေယာဉ်သည် လေခွင်းအားကောင်း Aspect အချိုးအစား ကြီးမားပြီး လျှောပြေးပျံသန်းနိုင်စွမ်းကောင်းမွန်သလို ပျံတက်တွန်းကန်မှုအချိုးအစား( L/D ratio)မြင့်မားသည့် ထူးခြားချက်များ ရှိကြောင်း၊ လေယာဉ်စနစ်၏ ဘက်စုံပေါင်းစည်းမှုအားကောင်းပြီး ပျံသန်းရာတွင် လွယ်ကူသလို သင်ယူလေ့ကျင့်ရာတွင်လည်း လွယ်ကူရိုးရှင်းခြင်းကြောင့် အလားအလာ ကောင်းမွန်ကြောင်း၊ အတတ်သင်စလေယာဉ်မှူးများ လေ့ကျင့်ရာတွင် အသုံးပြု၍ရသလို လမ်းပန်းဆက်သွယ်မှု၊ ခရီးသွားလည်ပတ်ကြည့်ရှုမှု၊ ဝေဟင်ရိုက်ကူးမှုနှင့် လေကြောင်းလေ့လာဆန်းစစ်မှု စသည့် ကဏ္ဍများတွင်လည်း အသုံးပြု၍ ရကြောင်း သိရသည်။ (Xinhua)

……………………………….
(Chinese Version)
双座水上电动飞机正式交付
3月20日,一架型号为RX1E-S的双座水上电动飞机在甘肃省永靖县刘家峡风景区向阳码头滑出、起飞,标志着由沈阳航空航天大学辽宁通用航空研究院研制的双座水上电动飞机正式交付首家用户——甘肃黄河通用航空有限公司。
RX1E-S双座水上电动飞机是浮筒式双座水上电动飞机,以锂电池作为推进能源。其碳排放量为零,电推进系统运行平稳、噪声低,飞机运行只需合适的水域面积即可,对基础设施要求和使用维护成本较低。
据介绍,这款飞机具有高效的气动设计,展弦比大、滑翔性能好、升阻比高等特点,飞机的系统集成化程度高,操作简便、简单易学,应用前景十分广阔,可以应用于初级飞行员培训,私人交通工具、旅游观光、航空摄影和航空测绘等领域。