Connect with us

Media

တရုတ်ယဉ်ကျေးမှုဆိုင်ရာ နွေရာသီသင်တန်းများ ဖွင့်လှစ်

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ မြန်မာ-တရုတ် ယဉ်ကျေးမှု ဖလှယ် ဆက်ဆံရေးကို တိုးမြှင့်ရန် မြန်မာကျောင်းသားများအတွက် တရုတ်ယဉ်ကျေးမှု ဆိုင်ရာ နွေရာသီသင်တန်း ၃ ခုကို မတ် ၂၄ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

တရုတ်စာလက်ရေးလှ၊ တရုတ်စတိုင် နေ့စဉ်လူမှုဘဝ ပန်းအလှဆင်၊ ယူနန်ဟင်းလျာ အချက်အပြုတ် စသည့် နွေရာသီသင်တန်းများကို မတ် ၂၈ ရက်မှ မေ ၂၃ ရက်အထိ စင်တာ၌ ကျင်းပမည် ဖြစ်သည်။ (Xinhua)