Connect with us

Media

တရုတ်နိုင်ငံ စိန်ရန်မြို့တွင် RCEP နိုင်ငံများအတွက် ဥရောပသို့ သွားရောက်မည့် ကုန်တင်ရထားလမ်းကြောင်းသစ် ဖွင့်လှစ်

စိန်ရန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ စိန်ရန်မြို့ကို ဖြတ်သန်း၍ ဆိပ်ကမ်းကုန်သွယ်ရေးမှတစ်ဆင့် ဥရောပသို့ သွားရောက်မည့် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) အဖွဲ့ဝင်နိုင်ငံများအတွက် နိုင်ငံတကာ ကုန်တင်ရထားလမ်းကြောင်းသစ်တစ်ခု စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

လာအို၊ ဗီယက်နမ်နှင့် ဂျပန် စသည့်နိုင်ငံများအပါအဝင် RCEP အဖွဲ့ဝင်နိုင်ငံများမှ ကုန်စည်ကွန်တိန်နာများ တင်ဆောင်ထားသော ပထမဆုံး ရထားသည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် မြို့တော် စိန်ရန်မှ မတ် ၂၅ ရက်က ထွက်ခွာလာခဲ့သည်။

“ပင်လယ်ရေကြောင်းကတစ်ဆင့် ပို့ဆောင်မယ်ဆိုရင် ဥရောပကိုရောက်ဖို့ အချိန်နှစ်လနီးပါးကြာနိုင်တယ်။ ဒါပေမဲ့ အခုဆိုရင် ဆိပ်ကမ်းကုန်သွယ်ရေးကတစ်ဆင့် ကုန်တင်ရထားနဲ့ ပို့မယ်ဆိုရင် အချိန်တစ်လလောက်ပဲကြာတော့မှာပါ” ဟု ဒေသခံ လက်ကားကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌ Gao Zengli က ပြောခဲ့သည်။ (Xinhua)

………………………………….
(English Version)
China’s Shenyang opens new freight route for RCEP countries
A new international freight route for Regional Comprehensive Economic Partnership (RCEP) member countries through Shenyang to Europe via entrepot trade has been launched.
The first train carrying cargo containers from the RCEP member countries, including Laos, Vietnam and Japan, departed from Shenyang, capital of northeast China’s Liaoning Province, on Saturday.
SOUNDBITE (Chinese): GAO ZENGLI, Chairman of a local wholesale company
“It took nearly two months (to reach Europe) if we transported by sea, but now it takes less than one month by the freight train via entrepot trade.”
Xinhua News Agency correspondents reporting from Shenyang, China. (XHTV)