Connect with us

Media

တရုတ်နိုင်ငံက မိုးလေဝသဂြိုဟ်တု ၄ စင်း လွှတ်တင်

ကျိုချွမ် ၊ မတ် ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသအတွင်းသို့ မတ် ၂၂ ရက်တွင် မိုးလေဝသဂြိုဟ်တု ၄ စင်းကို အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။

ယင်းဂြိုဟ်တုများသည် Tianmu-1 မိုးလေဝသဂြိုဟ်တုအုပ်စုတွင် ပါဝင်ပြီး Kuaizhou-1A သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် ညနေ ၅ နာရီ ၉ မိနစ်တွင် လွှတ်တင်ခဲ့ပြီး စီစဉ်ထားသည့်အတိုင်း ဂြိုဟ်ပတ်လမ်းအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
မိုးလေဝသဂြိုဟ်တုများအား စီးပွားဖြစ် မိုးလေဝသအချက်အလက်ဝန်ဆောင်မှုများ ထောက်ပံ့ရန် အဓိကထား အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါမိုးလေဝသဂြိုဟ်တုလွှတ်တင်မှုသည် Kuaizhou-1A သယ်ဆောင်ရေးဒုံးပျံများ၏ ၁၉ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင် ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………
(English Version)
China launches four meteorological satellites
China successfully sent four meteorological satellites into space from the Jiuquan Satellite Launch Center in northwest China on Wednesday.
The satellites, belonging to the Tianmu-1 meteorological constellation, were launched by a Kuaizhou-1A carrier rocket at 5:09 p.m. (Beijing Time) and have entered the planned orbit.
They will be mainly used to provide commercial meteorological data services.
It was the 19th flight mission of the Kuaizhou-1A rockets.
Xinhua News Agency correspondents reporting from Jiuquan, China.(XHTV)