ပေကျင်း၊ မေ ၁၀ ရက် (ဆင်ဟွာ) ဒုတိယ ကမ္ဘာစစ်ကာလအတွင်း စစ်ဘေးဒဏ်သင့်ခဲ့ရသည့် ကလေးတစ်ဦး၏ အနိဌာရုံ ဘဝပုံရိပ်များကို စုစည်းကာ “စစ်ဘေးသင့် ကလေးဘဝအမှတ်တရများ” ရုပ်သံဖိုင်အဖြစ် ဆင်ဟွာသတင်းဋ္ဌာနမှ တင်ဆက်ပါသည်။ ယခု video သည် ထိုကာလက စစ်ဘက်အကျဉ်းစခန်းတွင် နေထိုင်ခဲ့ရသည့် ဗြိတိန်လူမျိုး ကလေးငယ်တစ်ဦး၏ အကြောင်းမှတ်တမ်းရိုက်ကူးထားခြင်းဖြစ်ပါသည်။...
ချိုမိုလန်းမားတောင် အခြေစိုက်စခန်း၊ မေ ၉ ရက် (ဆင်ဟွာ) ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သည့်ချိုမိုလန်းမားတောင်၏ နေ့ နှင့် ည အလှမြင်ကွင်းများဖြစ်ပါသည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Tingri နယ်မြေ၏ ပင်လယ်ရေမျက်နှာပြင်အထက် ၅,၂၀၀ မီတာတွင်တည်ရှိ သော အခြေစိုက်စခန်းကိုရောက်ရှိနေကြသည့် ဆင်ဟွာသတင်းဋ္ဌာနမှ သတင်းထောက်များ ကရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ (Xinhua)...
မော်စကို၊ မေ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် အကြီးဆုံး ဥမင်လှိုဏ်ခေါင်းတူးစက်ကြီးကို ရုရှားနိုင်ငံ မော်စကိုမြို့၏ မြေအောက်ရထားလမ်းဥမင်တည်ဆောက်ရာ၌ အသုံးပြုရန် တင်ပို့ခဲ့ကြောင်းသိရသည်။ အဆိုပါဥမင်တူးစက်ကြီး သည် အချင်း ၁၀.၈၈ မီတာရှိပြီး ဥရောပတိုက်နိုင်ငံများသို့ တရုတ်နိုင်ငံမှ တင်ပို့သည့် အကြီးဆုံး အမျိုးအစား ဥမင်တူးစက်ကြီးလည်းဖြစ်သည်။ ၎င်း ဥမင်တူးစက်ကြီးကို...
ကျဲ့ကျန်း၊ မေ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် Ningbo မြို့တွင် စက်ရုပ်များဖြင့်လည်ပတ်သည့် အလုံးစုံအလိုအလျောက်စနစ်သုံး ဓါတ်ခဲ ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ဖွင့်လှစ်ထားသည်။ ထိုစက်ရုံ၏ ထူးခြားချက်မှာ အလိုအလျောက်စနစ်ဖြင့် လည်ပတ်နေစဉ်အတွင်း အပူချိန်အလွန်မြင့်မားသောကြောင့် စက်ရုံတစ်ခုလုံးကို မီးများအားလုံး ပိတ်၍ လည်ပတ်မောင်းနှင်ရခြင်းဖြစ်သည်။ ထိုသို့ စွမ်းအင် တစ်စိတ်တစ်ပိုင်း...
ဝန်ချန်း၊ ဟိုင်နန်၊ မေ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဧရာမ သယ်ဆောင်ရေးဒုံးပျံအသစ် Long March-5B သည် ကနဉီးပျံသန်းမှုကို မေ ၅ ရက်က ပြုလုပ်ခဲ့ပြီး အာကာသအတွင်းသို့ တရုတ်၏ လူလိုက်ပါနိုင်သော အာကာသယာဉ်မျိုးဆက်သစ် စမ်းသပ်ပုံစံနှင့် ကုန်ပစ္စည်းတင်ယာဉ် (cargo return capsule)...
နင်းရှ၊ မေ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှဒေသရှိ Qingtongxia မြို့တွင် တရုတ်နိုင်ငံ ၏ ဒုတိယ အရှည်ဆုံးမြစ်တစ်စင်းဖြစ်သည့် ချောင်နက်ကြီးတည်ရှိရာ မြစ်ဝါမြစ် ၏ အထက်ပိုင်းဒေသဖြစ်သည်။ ထိုချောက်နက်ကြီးသည် ရှုမျှော်ခင်းအမျိုးစုံဖြင့် လှပလျှက်ရှိပြီး ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် နေရာတစ်ခုလည်းဖြစ်သည်။ ထိုဒေသတွင် Qingtongxia ရေအရင်းအမြစ်ထိန်းသိမ်းရေးစီမံကိန်း၊...
ရှင်းကျန်း၊ မေ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်းဒေသ Hami မြို့ရှိ ကြက်ခြံတစ်ခြံတွင် စက်ကိရိယာများဖြင့် အလိုအလျှောက် စနစ်သုံးကာ လည်ပတ်လျှက်ရှိသည်။ ၎င်းကြက်ခြံတွင် ကြက်လှောင်အိမ် ၆ ခုပါရှိသည်။ အပူချိန် ၂၁ ဒီဂရီ ဆဲလ်စီးယပ်အောက်တွင် ကြက်ကောင်ရေ ၁၇၄,၀၀ဝ ကို အရွယ်အလိုက် အထပ်...
လျောင်နင်း၊ဧပြီ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ် လင်းဟိုင်မြို့တွင် တည်ဆောက်လျှက်ရှိသည့် တရုတ်-ရုရှား နိုင်ငံဖြတ်ကျော် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတည်ဆောက်မှုသည် ပြီးစီးလုပြီဖြစ်ကြောင်းသိရသည်။ ၎င်း ပိုက်လိုင်းသည် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း၏ ပြယုဂ်တစ်ခုလည်းဖြစ်သည်။ ၎င်းပိုက်လိုင်းသည် ရုရှားနိုင်ငံ ဘက်အခြမ်းတွင် ၃,၀၀၀ ကီလိုမီတာအရှည်ရှိပြီး ...