Connect with us

Videos

ရုရှားရေငုပ်သင်္ဘောက ဂျပန်ပင်လယ်ပြင်မှ ဒုံးကျည်စမ်းသပ်ပစ်လွှတ်

မော်စကို ၊ မတ် ၅ ရက်(ဆင်ဟွာ)

ရုရှားပစိဖိတ်ရေတပ်၏ ဒီဇယ်-လျှပ်စစ် ရေငုပ်သင်္ဘော Petropavlovsk-Kamchatsky က ဂျပန်ပင်လယ်ပြင်မှ Caliber ခရုဇ်ဒုံးကျည်တစ်စင်းအား စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။

တိုက်ခိုက်ရေးလေ့ကျင့်မှုအစီအစဉ်တစ်စိတ်တစ်ပိုင်းအနေဖြင့် ရေငုပ်သင်္ဘောသည် ဂျပန်ပင်လယ်ပြင်ရှိ သတ်မှတ်ဧရိယာသို့ လျှို့ဝှက်စွာ ရောက်ရှိခဲ့ကြောင်း နှင့် ဒုံးကျည်အား ရေအောက်မှ ပစ်လွှတ်ခဲ့ကြောင်း ၊ ယင်းဒုံးကျည်သည် ရုရှားနိုင်ငံ Khabarovsk ဒေသရှိ ကီလိုမီတာ ၁,၀၀၀ ကျော်အကွာတွင် တည်ရှိသည့် ကမ်းရိုးတန်းပစ်မှတ်အား အောင်မြင်စွာ ထိမှန်ခဲ့ကြောင်း ဝန်ကြီးဌာနက ကြေညာချက်တွင် ဖော်ပြထားသည်။
ရုရှားပစိဖိတ်ရေတပ်၏ သင်္ဘောများ နှင့် လေယာဉ်များက ဒုံးကျည်ပစ်လွှတ်သည့်ဧရိယာအား ကြိုတင်၍ ကန့်သတ်ပိတ်ပင်ထားခဲ့ကြောင်း ဝန်ကြီးဌာန၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။ (Xinhua)

———————-

Russian submarine test-fires missile from Sea of Japan
The diesel-electric submarine Petropavlovsk-Kamchatsky of the Russian Pacific Fleet test-launched a Caliber cruise missile from the Sea of Japan, the Russian Defense Ministry said Friday.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.