ပေကျင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တွင် လတ်တလောဖြစ်ပွားနေသည့် နိုဗယ် ကိုရိုနာဗိုင်းရပ် ကူးစက်ခံနေရမှုများအတွက် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ အနုပညာရှင် ၆၁ ဦး၏ ဆုတောင်းစကားသံ များကို စုစည်းတင်ဆက်ထားသော ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua)
ဆန်းတုံး၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းဆန်းတုံးပြည်နယ် ရစ်ကျောက် ဆေးရုံ၌ ပိုးသတ်ဆေးဖြန်းစက်ရုပ် ၄ ရုပ်ကို အသုံးပြုကာ ပိုးသတ်ဆေးဖြန်းခဲ့ကြောင်းသိရသည်။ ၎င်းစက်ရုပ်များကြောင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ တာဝန်နှင့်ရောဂါကူးစက်ခံရမှု အန္တရာယ်များစွာလျော့နည်းစေခဲ့သည်။တရုတ်နိုင်ငံက သတင်းအချက်နှင့် အဆင့်မြင့်နည်းပညာများကိုသုံးကာဗိုင်းရပ် ပြန့်နှံ့မှုကို ထိန်းချုပ်ဆောင်ရွက်လျက်ရှိသည်။ (Xinhua)
ကျန်းစူး၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက နိုဗယ်ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်မြှင့်ကာဆောင်ရွက်လျက်ရှိပြီး နိုင်ငံတစ်ဝန်းလုံးရှိပြည်သူများကလည်း ထိုရောဂါဆိုးကြီးကို တိုက်ဖျက်ရန် နည်းလမ်းပေါင်းစုံနှင့် တစ်တပ်တစ်အား ပါဝင်လျက်ရှိသည်။ တရုတ်နိုင်ငံအရှေ့ပိုင်းကျန်းစူးပြည်နယ် စုရန် စီရင်စုတွင် နယ်မြေရဲတပ်ဖွဲ့မှ ဗဟိုလမ်းမကြီးများ တစ်လျှောက်သွားလာနေကြသူများကို မျက်နှာဖုံးများမပြတ်တပ်ဆင်ထားရန် Drone များဖြင့် ကြည့်ရှု ကာ...
ဝူဟန့်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ဝူဟန့်မြို့ရှိ နိုဗယ် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူများကို ကုသသည့် ဆေးရုံ သို့ xinhua သတင်းဌာနမှ သတင်းထောက် Xu Zeyu က သွားရောက်ကာ မျက်မြင်အခြေအနေများကိုရိုက်ကူးတင်ဆက်ခြင်းဖြစ်ပါသည်။ (Xinhua)
ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကို အမြန်ဆုံးသက်သာစေကြောင်း မြန်မာပြည်သူများ၏ ဆုတောင်း အားပေးစကားအသီးသီးပြောကြားခဲ့ကြသည့် ရုပ်သံဖိုင် ကို ဆင်ဟွာသတင်းဌာနမှ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။(Xinhua)
ဝူရှီ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ဝူဟန့်မြို့ တွင်ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန်အတွက် negative pressure ambulance အမျိုးအစား အရေးပေါ် လူနာတင်ကား အစင်း ၃၀ ကို တရုတ်နိုင်ငံအရှေ့ပိုင်း ဝူရှီ မြို့ မှ ဝူဟန့်မြို့ သို့ အမြန်ပို့ဆောင်ပေးခဲ့သည်။ ၎င်းအရေးပေါ်ကားများမှာ SAIC...