Connect with us

Culture & Entertainment

သစ်သီးဝလံပန်းမန် စိုက်ပျိုးရေး ဖွံ့ဖြိုးစေရေး ပြပွဲပြိုင်ပွဲ ပြုလုပ်

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံနဲ့ ပန်းမန်စိုက်ပျိုးရေး လုပ်ငန်းကို ပြည်သူတွေ စိတ်ပါဝင်စားလေ့လာနိုင်ရေး၊ စိုက်ပျိုးမှု နည်းပညာတွေကို သိရှိနိုင်ရေး၊ မျိုးကောင်းမျိုးသန့် ဖြန့်ဝေပေးနိုင်ရေး ၊စိုက်ပျိုး ထုတ်လုပ်မှုကနေ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးရေးကို အထောက်အကူပြုစေဖို့ ရည်ရွယ်ကာ သစ်သီးဝလံ ပန်းမန်ပြပွဲပြိုင်ပွဲကို ရန်ကုန်မြို့မှာ ကျင်းခဲ့ပါတယ်။ အဆိုပါပြပွဲပြိုင်ပွဲကို ဇန်နဝါရီ ၂ ရက် ကနေ ၈ ရက်အထိ ရန်ကုန်မြို့ ကန်တော်ကြီး သဘာဝဥယျာဉ် မဟာမြိုင်ကျွန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ (Xinhua)