Connect with us

Media

ထိုင်းနိုင်ငံဝန်ကြီးချုပ်က အထွေထွေရွေးကောက်ပွဲမတိုင်ခင် ပါတီသစ်သို့ဝင်ရောက်

ဘန်ကောက်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)
၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာ သည် Ruam Thai Sang Chart ပါတီ (United Thai Nation Party) သို့ ဇန်နဝါရီ ၉ ရက် ဝင်ရောက်ခဲ့သည်။ Queen Sirikit National Convention Center ၌ ကျင်းပသည့် ပါတီအထွေထွေညီလာခံတွင် ပါတီ၏ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ်အမည်စာရင်းတင်သွင်းခြင်းခံခဲ့ရသည်။

“ကျွန်တော်ဝန်ကြီးချုပ်တာဝန်ယူထားတဲ့အချိန်မှာ ထိုင်းနိုင်ငံကို ပြန်လည်ထိန်းသိမ်းရမယ့်ပြဿနာတွေကို ကျွန်တော်သိပါတယ်။ တကယ်လို့သာ ကျွန်တော့်မှာ နောက်ထပ်အခွင့်အရေးရှိမယ်ဆိုရင် ကျွန်တော်အနေနဲ့ ဒီပြဿနာတွေကိုဖြေရှင်းဖို့ ပိုကြိုးစားသွားမှာပါ’’ ဟု ပရာယွတ် ကအဆိုပါ အစည်းအဝေးတွင်ပြောကြားသည်။
အဆိုပါ Ruam Thai Sang Chart ပါတီ ကို ၂၀၂၁ ခုနှစ်၊ မတ် လ ကစတင်တည်ထောင်ခဲ့ပြီး ဝန်ကြီးချုပ်၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ Pirapan Salirathavibhaga က ပါတီဦးဆောင်သူအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
ထိုင်းနိုင်ငံ၏ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲဝင်ရောက်မည့် ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲကျင်းပမည့်နေ့မှ အနည်းဆုံး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အဖြစ်ရှိနေရမည်ဖြစ်ကြောင်း သိရသည်။ အကယ်၍ မတ် ၂၃ ရက်တွင် အောက်လွှတ်တော် သက်တမ်းပြီးဆုံးပါက ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၄၅ ရက်အတွင်း အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးရမည်ဖြစ်သည်။
ပရာယွတ်ကို Palang Pracharath ပါတီမှ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ် ၂၀၁၉ ခုနှစ်တွင် အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။ (Xinhua)

……………………………..
(English Version)
Thai PM joins new party ahead of general election
Thai Prime Minister Prayut Chan-o-cha on Monday officially joined the Ruam Thai Sang Chart Party (United Thai Nation Party) to run for this year’s general election.
At the party’s general assembly held at the Queen Sirikit National Convention Center, Prayut was nominated as the party’s candidate for prime minister.
“While in office, I know the problems that holding Thailand back. If I have another chance, I will put greater effort solving those problems,” Prayut said at the event.
The Ruam Thai Sang Chart Party, founded in March 2021, is led by Pirapan Salirathavibhaga, current secretary-general to the prime minister.
According to Thailand’s election law, election candidates must have been in a party for at least 90 days from the date of election. If the House of Representatives finishes its term on March 23 as scheduled, the Election Commission will hold the general election within 45 days following the parliament’s dissolution.
In 2019, Prayut was named as candidate for prime minister by the Palang Pracharath Party.
(XHTV)