Connect with us

Media

ညီညွတ်သည့် ပြည်တွင်းအင်အားဖြင့် နိုင်ငံတော်ကို ကာကွယ်တည်ဆောက်ရန် နိုင်ငံတော်ဝန်ကြီးချုပ် တိုက်တွန်း

နေပြည်တော်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

လွတ်လပ်ရေးဆိုသည်မှာ ခေတ္တခဏအတွင်း ဆုံးရှုံးသွားတတ်သည့် သဘောရှိပြီး ဆုံးရှုံးသွားပြီးမှ ပြန်လည်ရယူရန် ကြိုးစားတာက ကြာရှည်တတ်သည့် သဘောရှိကြောင်း၊ ဒါကြောင့် လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရေးအတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ အတူလက်တွဲပြီး ဆက်လက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြဖို့ အလေးအနက်ထား တိုက်တွန်းကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားခဲ့သည်။ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ ဦးဆောင်မှုနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးက သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်အတွက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ရယူနိုင်ခဲ့သည်။ (Xinhua)